DVB Logo
Home
နိုင်ငံတကာ
အငြင်းပွားဖွယ် အနိုင်ရလေ့ရှိသည့် ရဝမ်ဒါသမ္မတ ရွေးကောက်ပွဲ ထပ်ပြိုင်မည်
DVB
·
July 14, 2024
အငြင်းပွားဖွယ် အနိုင်ရလေ့ရှိသည့် ရဝမ်ဒါသမ္မတ ရွေးကောက်ပွဲ ထပ်ပြိုင်မည်
Donate to DVB

ရွေးကောက်ပွဲတိုင်းမှာ မဲ ၉၀ ရာခိုင်နှုန်းကျော်နဲ့ အငြင်းပွားဖွယ် အနိုင်ရလေ့ရှိတဲ့ ရဝမ်ဒါ သမ္မတ ပေါလ်ကာဂါမီဟာ လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ ထပ်ပြိုင်ဦးမှာ ဖြစ်ပါတယ်။ 

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ကာဂါမီဟာ  ၂၀၁၇ သမ္မတ ရွေးကောက်ပွဲမှာ မဲ ၉၉ ရာခိုင်နှုန်းနီပါး ရပြီး အနိုင်ရခဲ့သလို ၂၀၀၃ တုန်းက ၉၅ ရာခိုင်နှုန်း၊ ၂၀၁၀ မှာ ၉၃ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

အခုလည်း အဓိက အတိုက်အခံအများအပြား ပါဝင်ခွင့်မရဘဲ ပြိုင်ဘက် ၂ ယောက်သာရှိတဲ့ ရွေးကောက်ပွဲမှာ ၄ ကြိမ်မြောက် အလွယ်တကူထပ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ကာဂါမီဟာ ရဝမ်ဒါမှာ ၁၉၉၄ လူမျိုးတုံး သတ်ဖြတ်မှုကို အဆုံးသတ်စေခဲ့တဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်ပေမဲ့ အခြေခံဥပဒေပြင်ဆင်ပြီး အာဏာလက်မလွှတ်ဘဲ အကြိမ်ကြိမ် ထပ်ပြိုင်နေတာ ဖြစ်ပါတယ်။ 

လူ ၁ သန်းကျော် သေဆုံးခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြီးအလွန်မှာ ရဝမ်ဒါနိုင်ငံကို ပြန်လည်ထူထောင်နိုင်ခဲ့တဲ့အတွက်  ကာဂါမီဟာ ချီးကျူးခံရပါတယ်။ 

ဒါပေမဲ့ အတိုက်အခံတွေကို လုပ်ကြံသတ်ဖြတ်တာ၊ မီဒီယာတွေကို ဖိနှိပ်တာ၊ အိမ်နီးချင်း ကွန်ဂိုနိုင်ငံတွင်းက သူပုန်တွေကို ပံ့ပိုးတာတွေနဲ့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013