DVB Logo
Home
နိုင်ငံတကာ
ဆူခွိုင်း စူပါဂျက် 100 ခရီးသည်တင် လေယာဉ် မော်စကို၌ ပျက်ကျ
DVB
·
July 13, 2024
ဆူခွိုင်း စူပါဂျက် 100 ခရီးသည်တင် လေယာဉ် မော်စကို၌ ပျက်ကျ
Donate to DVB

ဆူခွိုင်း စူပါဂျက် 100 ခရီးသည်တင် လေယာဉ် တစင်းဟာ ဇူလိုင် ၁၂ ရက်က မော်စကိုဒေသမှာ ပျက်ကျခဲ့ပြီး အမှုထမ်း ၃ ဦး သေဆုံးခဲ့တယ်လို့  ရုရှားအရေးပေါ်ဝန်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။

လေယာဉ်ဟာ ကိုလွန်မ်နာမြို့အနီး တောအုပ်ထဲမှာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ် ပါလာသူ တွေကလွဲလို့ ထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။ 

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရုရှားတရားဥပဒေစိုးမိုးရေးနဲ့ နီးစပ်တဲ့ Mash တယ်လီဂရမ်ချန်နယ်မှာတော့ အဲဒီလေယာဉ်ဟာ ဓာတ်ငွေ့ ကုမ္ပဏီကြီး ဂက်စ်ပရွန်မှ ပိုင်ဆိုင်တဲ့ ဂက်စ်ပရွန် မာဗီးယား လေကြောင်းလိုင်းမှ လေယာဉ် တစီးဖြစ်ပြီး ပြုပြင်ပြီးနောက်မှာ စမ်းသပ်ပျံသန်းခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။

အဲဒီလေယာဉ်မှာ ဖှရန်ကို-ရုရှန်း ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်တဲ့ SaM146 အင်ဂျင် တပ်ဆင်ထားကြောင်း ဆွစ်ဇာလန် လေကြောင်းထောက်လှမ်းရေး အေဂျင်စီရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

ရုရှားလေကြောင်းလိုင်းတွေဟာ ၂၀၂၂ ခုနှစ်မှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ စတင်လာကတည်းက လေယာဉ်အပိုပစ္စည်းတွေကို တင်သွင်းဖို့ ရုန်းကန်နေရပါတယ်။

ယူနိုက်တက်လေယာဉ်ကော်ပိုရေးရှင်း (UAC) ဟာ ဆူခွိုင်း စူပါဂျက်ကို အပြည့်အ၀ အစားထိုး-တင်သွင်းမှု ဗားရှင်းကို တီထွင်နေဆဲဖြစ်ပေမဲ့ ထုတ်လုပ်မှုကို မစတင်သေးပါဘူး။

ရုရှားထုတ် လေယာဉ်တွေဟာ မတော်တဆမှု ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး အခုလက်ရှိ ဆူခွိုင်း စူပါဂျက် 100 ပါ၀င်ပတ်သက်နေတဲ့ ဒီမတော်တဆမှုက တတိယမြောက် ဖြစ်ပါတယ်။ 

၂၀၁၂ ခုနှစ် မေ ၉ ရက်က အင်ဒိုနီးရှားမှာ သရုပ်ပြပျံသန်းနေတုန်းမှာ ပျောက်ဆုံးသွားပြီး ခရီးသည် ၃၇ ဦးနဲ့ အမှုထမ်း ၈ ဦး အပါအဝင် လူ ၄၅ ဦး သေဆုံးခဲ့ပါတယ်။ 

အဲဒီပျက်ကျမှုကြောင့် အင်ဒိုနီးရှား ကာတီကာ လေကြောင်းလိုင်းက လေယာဉ်အစီး ၃၀ မှာယူမှုကို ပယ်ဖျက်လိုက်ပါတယ်။

၂၀၁၉ ခုနှစ် မေ ၅ ရက်မှာတော့ ရုရှား အယ်ရိုဖှလော့ထ် ခရီးသည်တင်လေယာဉ်ဟာ မော်စကိုလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး လေယာဉ် မီးလောင်သွားပြီးနောက် ကလေး ၂ ဦး အပါအဝင် လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားခဲ့ပါတယ်။ 

စစ်အေးခေတ်နောက်ပိုင်း တီထွင်ထုတ်လုပ်တဲ့ ရုရှားရဲ့ ပထမဆုံးသော ခရီးသည်တင်လေယာဉ်ကို ၂၀၀၈ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ရုရှားဟာ လေယာဉ်ကို ၂၀၀၉ ခုနှစ်ကတည်းက အမျိုးမျိုးသော လေကြောင်းပြပွဲတွေမှာ ပြသခဲ့ပါတယ်။ လက်ရှိမှာ လေယာဉ်အစီးရေ ၁၅၀ လောက် လည်ပတ်ပျံသန်းနေပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013