DVB Logo
Home
မြန်မာသတင်း
ငဖဲတွင် စစ်သားများ ချုံခိုတိုက်ခိုက်ခံရပြီး ၅ ဦးသေ၊ မတ္တရာက စစ်စခန်း ၁ ခု သိမ်းပိုက်ခံရ
DVB
·
July 13, 2024
ငဖဲတွင် စစ်သားများ ချုံခိုတိုက်ခိုက်ခံရပြီး ၅ ဦးသေ၊ မတ္တရာက စစ်စခန်း ၁ ခု သိမ်းပိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ တပ်အပြောင်းအရွှေ့လုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ် ချုံခိုတိုက်ခိုက်ခံရလို့ ၅ ယောက် သေဆုံးပြီး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို ထပ်မံသိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်ရရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ကောင်စီရဲ့တပ်စခန်းတခုဖြစ်တဲ့ မြောက်တံငါတပ်စခန်းကို ထပ်မံသိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင် ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

MDY-PDF ရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ စိုးမိုးနယ်မြေဖြစ်တဲ့ မတ္တရာမြို့နယ်ထဲက မြောက်တံငါစစ်ကောင်စီတပ်စခန်းကို အပြီးသတ်ထပ်မံသိမ်းပိုက်ရရှိခဲ့တာပါ။ စစ်သားအလောင်းတွေ တွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း ထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်” လို့ DVB ကိုအတည်ပြု ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် ဇွန် ၂၅ ရက်က စတင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ ဇူလိုင် ၆ ရက်နေ့အထိ မတ္တရာမြို့နယ်က စစ်ကောင်စီတပ်စခန်း ၂၅ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ဆက်လက်ပြီးလည်း သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

MDY-PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “အရင်ရက်က သိမ်းပိုက်ထားတဲ့ Alpha ဘိလပ်မြေစက်ရုံ ကာကင်းစခန်းကုန်းနဲ့ အဲဒီဝန်းကျင်ကို နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာလည်း စစ်သားအလောင်းတွေတွေ့ရှိခဲ့ရပြီး သေနတ် ၁၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

စဉ့်ကူးမြို့နယ်ထဲမှာ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ လက်ပန်လှရဲစခန်းအတွင်းက ထွက်ပြေးသွားတဲ့ ရဲမေတယောက်ရဲ့ နေအိမ်ကနေလည်း ခြောက်လုံးပြူးသေနတ် ၁ လက်နဲ့ ကျည်ဆံတချို့ သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သူက ဆက်လက်ပြောပြပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စခန်းသာတပ်စခန်း၊ ကျောက်မဏ္ဍပ်တပ်စခန်း၊ စပါးကျည်တောင်တပ်စခန်း၊ ကျောက်ကြမ်းတောင်တပ်စခန်း၊ ငွေပုထိုးတပ်စခန်း၊ ရှင်မတောင် တပ်စခန်း၊ နဂါးပတ်တပ်စခန်း၊ နွားခြံကုန်းတပ်စခန်း၊ ဝန်တင်ကုန်းတပ်စခန်း၊ လက်သန်းတောင် တပ်စခန်း၊ ခြေတော်ရာတပ်စခန်း၊ ကိုရင်လေးတောင်တပ်စခန်း၊ ကင်းရွာတပ်စခန်း၊ ဆည်တော်လမ်းခွဲ တပ်စခန်း၊ ရေနံ့သာတိုးဂိတ်၊ ရေနံ့သာရဲစခန်း၊ ပတ်လည်အင်းတပ်စခန်းနဲ့ မြောက်တံငါ တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းအများအပြားကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်တယ်လို့ MDY-PDF ဆီကနေသိရပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး-အမ်း လမ်းမပေါ်မှာ ဇူလိုင် ၉ ရက် မနက်ပိုင်းက တပ်အပြောင်း အရွှေ့လုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ချုံခိုတိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့ Chin Defence Force-Asho အဖွဲ့ဆီက သိရပါတယ်။

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းကနေ တုံးကြီးပိုက်လိုင်းစောင့်တပ်စခန်းကို ဇူလိုင် ၉ ရက် မနက် ၉ နာရီကျော်က တပ်ချိန်းဖို့လာတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကို မှိန်းစိမ်းလမ်းခွဲမှာ တိုက်ခိုက်ခဲ့တာလို့ Chin Defence Force-Asho ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။

“နတ်ရေကန် လေကြောင်းတပ်က စစ်ကောင်စီတပ်သား ၁၀ ယောက် တပ်ချိန်းဖို့လာတာကို ချုံခိုတိုက်ခိုက်နေတုန်း ရခိုင်နယ်စပ်ကဂိတ်တခုကို တပ်သားသစ်ပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီကားတန်းက ကားပေါ်ပါလာတဲ့စစ်သားတွေနဲ့ပါ ထပ်ပြီးပစ်ခတ်မှုဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။

ချုံခိုတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၅ ယောက် ပွဲချင်းပြီးသေဆုံး၊ MA ၁ လက်၊ ဘီအေ ၆၃ G 3 ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည်ဆန်တချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ Chin Defence Force-Asho က ဇူလိုင် ၁၁ ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ကလည်း ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီးက ကျောင်းကုန်းရွာဟောင်း ဂိတ်ကင်းစခန်း ကပစ ၁၄ က စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်လောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013