DVB Logo
Home
မြန်မာသတင်း
K-Pay၊ Wave ဖြင့် ငွေသားထုတ်ယူရန် ခက်ခဲနေပြီး ကိုယ်စားလှယ်များ လုပ်ငန်းရပ်ထား
DVB
·
July 12, 2024
K-Pay၊ Wave ဖြင့် ငွေသားထုတ်ယူရန် ခက်ခဲနေပြီး ကိုယ်စားလှယ်များ လုပ်ငန်းရပ်ထား
Donate to DVB

ရန်ကုန်မြို့မှာ K-Pay နဲ့  Wave Money တို့ကနေ ငွေသားထုတ်ယူရ ခက်ခဲနေပြီး ကိုယ်စားလှယ်ဆိုင် အများစု လုပ်ငန်းရပ်ထားရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။

ကိုယ်စားလှယ်ဆိုင်တွေမှာ ငွေသားမရှိတော့တာကြောင့် ငွေအရေးပေါ်ထုတ်လိုတဲ့သူတွေ အနေနဲ့ ထုတ်ပေးနိုင်တဲ့ဆိုင်ကို ပတ်ရှာနေကြရတယ်လို့ ဆိုပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ နေထိုင်သူတဦးက “ငွေထုတ်ပေးနိုင်တဲ့ဆိုင်တွေ ရှားလာတယ်။ တချို့ဆိုင်တွေက လူရင်းလောက်ကိုပဲ ရှိသလောက် ထုတ်ပေးနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဘဏ်တွေကနေ ငွေသားထုတ်ပေးတဲ့ပမာဏ ကန့်သတ်ထားတာကြောင့် ငွေသွင်း၊ ငွေထုတ် ကိုယ်စားလှယ်ဆိုင်တွေ အနေနဲ့လည်း အခက်တွေ့နေကြတာလို့ အဲဒီလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

ဒီနေ့မှာ ဘဏ်တွေက လူတဦးကို ကျပ် ၅ သိန်းအထိပဲ အများဆုံး ထုတ်ပေးနေပြီး ဘဏ်ငွေမှာ ငွေထုတ်ဖို့ စောင့်ဆိုင်းနေသူတွေ များနေတယ်လို့လည်း သိရပါတယ်။

K-pay ငွေလွှဲကိုယ်စားလှယ်တဦးက “မိုးလင်းတာနဲ့ ဘဏ်မှာ သွားတန်းစီ စောင့်နေရတယ်။ ရသလောက်တော့ လိုက်ထုတ်ရတာပဲ။ အဲဒါမှ ဆိုင်မှာ ပြန်ထုတ်ပေးလို့ရမှာ။ ဘဏ်တွေမှာလည်း ရသလောက် ထုတ်ထားမယ်ဆိုပြီး ရောက်လာတဲ့သူတွေ မနည်းဘူး” လို့ ပြောပါတယ်။

အဲဒီလို ငွေသားထုတ်ယူနိုင်မှု နည်းပါးတာကြောင့် ဆိုင်တွေအနေနဲ့ ဝန်ဆောင်ခအပြင် အပိုရာခိုင်နှုန်း တိုးယူရတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ဒီနေ့မှာ ငွေသားထုတ်ပေးနိုင်တဲ့ဆိုင်တွေက အနည်းဆုံး ၂ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ တောင်းယူတာတွေ ရှိတယ်လို့ အဲဒီလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

ဒါ့အပြင် ငွေသားပြန်ဖော်ရခက်လို့ဆိုပြီး အရင် K-pay၊ Wave တို့နဲ့ ရှင်းလို့ရတဲ့ ဆိုင်တချို့မှာ ဒီရက်ပိုင်းထဲ ငွေသားနဲ့ပဲ လက်ခံတော့တာမျိုး တွေ့လာရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013