DVB Logo
Home
နိုင်ငံတကာ
စင်ကာပူတွင် နှစ် ၂၀ အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း အနည်းဆုံးဖြစ်လာ
DVB
·
July 12, 2024
စင်ကာပူတွင် နှစ် ၂၀ အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း အနည်းဆုံးဖြစ်လာ
Donate to DVB

စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ကိုယ့်ကိုယ်ကိုယ်သတ်သေမှု ၃၂၂ ခု ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

စင်ကာပူရှိ ဒုက္ခရောက်သူများကူညီရေးအဖွဲ့ SOS က ကိုယ့်ကိုယ်ကိုယ်သတ်သေမှု စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး နှစ် ၂၀ အတွင်း အနည်းဆုံးဖြစ်လာတာပါ။

အသက်အရွယ်စုံ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဟာ ၂၀၂၂ ခုနှစ်ကစပြီး ၃၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းလာခဲ့တယ်လို့ SOS ရဲ့ ဖော်ပြမှုမှာ ပါရှိပါတယ်။

၂၀၂၂ ခုနှစ်က သတ်သေမှုအရေအတွက် ၄၇၆ ဦးအထိ ရှိခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကာ ပြန်လည်ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း သတ်သေမှု ၃၂၂ ခုမှာ ၂၂၂ ဦးက အမျိုးသားဖြစ်ပြီး အမျိုးသမီး အရေအတွက် ၁၀၀ ပါဝင်ပါတယ်။

၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အသက် ၁၀ နှစ်က ၂၉ နှစ်အတွင်း သတ်သေမှုနှုန်း ၃၁ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအသက်အရွယ်အတွင်းက လူတွေဟာ ၅ နှစ်ဆက်တိုက် သတ်သေမှုနှုန်းမှာ ဦးဆောင်နေတယ်လို့လည်း SOS ရဲ့ မှတ်တမ်းထဲမှာ ဖော်ပြပါတယ်။

ဒါဟာ သတ်သေမှုအားလုံးပေါင်းရဲ့ ၃၀ ရာခိုင်းနှုန်းနီးပါးအထိ ရှိတာဖြစ်လို့ ၁၀ နှစ်ကနေ ၂၉ နှစ်အထိက သတ်သေမှုနှုန်း အများဆုံးလို့ ဆိုရမှာပါ။

“မိသားစုတွေ၊ ကျောင်းတွေ၊ လုပ်ငန်းခွင်တွေနဲ့ လူမှုအဖွဲ့အစည်းမှာ မပျော်တော့တာကြောင့် ဒီလိုသတ်သေမှုတွေ ဖြစ်လာတာပါ။ ကျနော်တို့ကိုယ်တိုင်နဲ့ တခြားသူတွေကို ကြင်နာမှုတွေ ပေးဖို့ လိုအပ်ပါတယ်” လို့ စိတ်ကျသူတွေကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းက ဒေါက်တာ ဂျာရတ်က ပြောပါတယ်။

“သတ်သေမှုတွေ ကျလာတာက ဒီလိုသတ်သေမှုတွေ မဖြစ်ဖို့ ကျနော်တို့ရဲ့ ကာကွယ်မှုတွေနဲ့ ဆက်ဆံရေးတို့ရဲ့ စွမ်းအားတွေကြောင့်ဆိုတာ သက်သေပါပဲ။ သတ်သေမှုတွေ ကျဆင်းလာပေမဲ့ ကျနော်တို့ရဲ့အလုပ်ကို ဒီမှာပဲ အဆုံးသတ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က လူ့အဖွဲ့အစည်းထဲမှာ ကူညီမှုတွေ ဆက်ဖြစ်ပေါ်စေဖို့ပါ။ သတ်သေမှုတွေကို ကာကွယ်တာက လူတိုင်းရဲ့ အလုပ်ဖြစ်ရမှာပါ” လို့ SOS စီအီးအို ဂတ်စပါတန်က ပြောပါတယ်။

SOS ဟာ ပြီးခဲ့တဲ့နှစ်က အသက် ၁၃ နှစ်နဲ့အထက် လူငယ်တွေ သတ်သေမှုကို လျော့ကျစေဖို့ Mindful Bytes ဆော့ဝဲလ်ကို စတင်မိတ်ဆက် အသုံးပြုခဲ့ပါတယ်။

အဲဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က အွန်လိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သလို သတ်သေမှုတွေ မဖြစ်အောင် အဓိက ကူညီမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013