DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် ကြံ့ခိုင်ရေးပါတီက ဆန် ၁ ပြည် ကျပ် ၃,၀၀၀ ဖြင့် ရောင်းချပြီး စည်းရုံးနေ
DVB
·
July 12, 2024
မအူပင်တွင် ကြံ့ခိုင်ရေးပါတီက ဆန် ၁ ပြည် ကျပ် ၃,၀၀၀ ဖြင့် ရောင်းချပြီး စည်းရုံးနေ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာမှာ မြို့နယ်ကြံ့ခိုင်ရေးပါတီက အရပ်သားတွေကို ဆန်တပြည် ကျပ် ၃,၀၀၀ နဲ့ ဇူလိုင် ၈ ရက်နဲ့ ၉ ရက်က စတင်ရောင်းချပြီး စည်းရုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မအူပင်မြို့နယ်က ကြံ့ခိုင်ရေးပါတီဝင် ဦးအောင်ကျော်မင်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး အရပ်သားတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူပြီး ကြံ့ခိုင်ရေးပါတီ အနေနဲ့ ပြည်သူတွေ သက်သာတဲ့နှုန်းထားနဲ့ ဆန်စားသုံးနိုင်ဖို့ဆိုပြီး ဧည့်မထဆန် တပြည်ကို ငွေကျပ် ၃,၀၀၀ နှုန်းနဲ့ ရောင်းချပေးနေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အသိအသာကြီး၊ ကြံ့ခိုင်ရေးပါတီက မဲဆွယ်ရောင်းပေးတယ်ဆိုတာ။ ကြံ့ခိုင်ရေးပါတီဝင် အောင်ကျော်မင်းနဲ့ အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေ သက်သာတဲ့နှုန်းထားနဲ့ စားသုံးနိုင်ဖို့ ရည်ရွယ်ရောင်းတာလို့ ပြောတာ။ အောင်ကျော်မင်းက သူက ကြံ့ခိုင်ရေးပါတီဝင်လေ၊ သူက စည်းရုံးပေးတာ။ စစ်ကောင်စီကလုပ်မယ့် ၂၀၂၅ မှာ ရွေးကောက်ပွဲအတွက် စည်းရုံးတာ” လို့ ပြောပါတယ်။

မအူပင်မြို့နယ် ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူက “ဒီ ကြံ့ခိုင်ရေးပါတီက ပြည်သူတွေကို ဘယ်လိုအသုံးချရမလဲ ကောင်းကောင်းသိနေတဲ့ ပါတီလေ။ အခု စကစ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ဆန်ဈေးတက်နေတာကို အခွင့်ကောင်းယူပြီး စည်းရုံးတာလို့ပဲ ပြောချင်တယ်။ ဒီလိုအခြေအနေမျိုးမှာ သူတို့အတွက်က ခွင်ပဲလေ” လို့ ပြောပါတယ်။

မအူပင်မြို့နယ် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ဆန်စက်လုပ်ငန်းရှင်တွေ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းကာ အခု ဇူလိုင်လထဲမှာပဲ ဆန်တွေရောင်းချပြီး ပါတီအတွက် စည်းရုံးဖို့ ပြင်ဆင်နေတယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မအူပင်မြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ပံတပွတ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်က ခရိုင်ကြံ့ခိုင်ရေးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်လေးနွယ်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးတင်ဝင်း အပါအဝင် ရပ်ကျေးပါတီဥက္ကဋ္ဌတွေက ဒေသခံတွေ သက်သာတဲ့ ဈေးနှုန်းနဲ့ စားသုံးနိုင်ဖို့ဆိုကာ ဧည့်မထဆန် တပြည်ကို ငွေကျပ် ၃,၀၀၀ နှုန်းနဲ့ ရောင်းချပြီး ပါတီစည်းရုံးရေး လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013