DVB Logo
Home
မြန်မာသတင်း
သတ်မှတ်ဈေးဖြင့် ဖိအားပေး ရောင်းချခိုင်းမှုကြောင့် ရွှေဈေးကွက် အရောင်းအဝယ်ရပ်နေ
DVB
·
July 11, 2024
သတ်မှတ်ဈေးဖြင့် ဖိအားပေး ရောင်းချခိုင်းမှုကြောင့် ရွှေဈေးကွက် အရောင်းအဝယ်ရပ်နေ
Donate to DVB

စစ်ကောင်စီက ရွှေဆိုင်တွေကို သတ်မှတ်ဈေးနဲ့ ဖိအားပေး ရောင်းချခိုင်းထားတာကြောင့် ရွှေဈေးကွက် အရောင်းအဝယ် ရပ်သလောက် ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။

စစ်ကောင်ဟာ ရွှေဈေးနှုန်း တည်ငြိမ်ဖို့အတွက် ရွှေဆိုင်တွေကို သတ်မှတ်ဈေးနှုန်းနဲ့ နေ့စဉ်ဖွင့်လှစ်ရောင်းချဖို့ ဖိအားပေးပြောဆိုထားတာကြောင့် လက်ရှိမှာ ရွှေဆိုင်တွေက လူတဦးကို ရွှေတပဲ၊ နှစ်ပဲနှုန်း YGEA သတ်မှတ်ဈေးနဲ့ ရောင်းချပေးနေရပြီး၊ ရွှေဆိုင်တချို့ကတော့ ရွှေအထည်အသေးတွေကို သတ်မှတ်ဈေးနဲ့ ရောင်းချပေးနေရတယ်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“သတ်မှတ်ဈေးနဲ့ပဲ ရောင်းနေရတယ်။ ရွှေဆိုင်တွေမှာ သူတို့ အမြဲတမ်းလည်း လိုက်မေးတယ်။ ပိုရောင်းလို့မရဘူး။ သတ်မှတ်ဈေးနဲ့ပဲ ရောင်းရတော့ အခေါက်ရောင်းတဲ့ ဆိုင်တွေက လူတယောက်ကို တပဲ၊ နှစ်ပဲ တရက်ကို လေး ငါး ယောက် ရောင်းပေးတယ်။ ရွှေဆိုင်ကြီးတွေကလည်း အထည်အသေးလေးတွေကိုပဲ ရောင်းတာပေါ့။ အထည်အကြီးကြီးတွေကျ ရောင်းလို့ မရဘူး။ အဲလိုဆိုတော့ အရောင်းအဝယ် ရပ်သလို ဖြစ်နေတာပေါ့။” 

စစ်ကောင်စီက ရွှေဈေးနှုန်းကို ထိန်းချုပ်ဖို့ ရွှေလုပ်ငန်းသမားတွေကို စစ်ဆေးဖမ်းဆီး အရေးယူတာတွေ မကြာသေးမီကာလက ပြုလုပ်ခဲ့ပါတယ်။

သတ်မှတ်ဈေးနဲ့ ရောင်းချခိုင်းတာကြောင့် လက်တလောမှာ ရွှေဆိုင်တွေက အခေါက်ရွှေ ရောင်းချပေးမူ မရှိပေမဲ့ ရွှေအထည်တွေရောင်းချပေးရာမှာတော့ သတ်မှတ်ဈေးအပေါ်မှာ ပြင်ပပေါက်ဈေးအတိုင်းဖြစ်အောင် အလျော့တွက်လက်ခ ပိုတင်ပြီး ရောင်းချနေကြတယ်လို့ ရွှေဝယ်ယူသူတွေဆီက သိရပါတယ်။

ရန်ကုန်မြို့ခံတဦးက “သူတို့က ရွှေဈေးထိန်းတယ် ဆိုပြီးလုပ်တယ်၊ အောက်ခြေမှာကျ ဝယ်သူပဲ ပိုနစ်နာလာတာ။ ရွှေဆိုင်တွေက ပြန်ရောင်းရင်ကျ ရည်ညွှန်းဈေးအတိုင်း တသွေမတိမ်းဝယ်ပြီး ရွှေပြန်ဝယ်တဲ့အခါကျတော့ သတ်မှတ် ဈေးကို ပြင်ပပေါက်ဈေးအတိုင်းရအောင် အလျော့တွက်လက်ခတွေ ပိုတွက်ပြီးရောင်းပေးတာ” လို့ပြောပါတယ်။

ဒီကနေ့ ဇူလှိုင် ၁၁ ရက်နေ့ရဲ့ YGEA ရွှေအဖွင့်‌‌ဈေးကတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၄,၅၉၃,၂၅၉ ကျပ် သတ်မှတ်ထားပေမဲ့ ပြင်ပငွေကြေးဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေး ၄၇၀၀ ကျော်ထိ မြင့်တင်နေပြီး ‌ပြင်ပရွှေဈေးက ၅၇၀၀,၀၀၀ ဝန်းကျင်ထိ ရောက်ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013