DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် ရေကြီးပြီး ကျေးရွာ ၁၃၀ ကျော် ထိခိုက်
DVB
·
July 11, 2024
အိန္ဒိယတွင် ရေကြီးပြီး ကျေးရွာ ၁၃၀ ကျော် ထိခိုက်
Donate to DVB

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၁၃၀ ကျော် ထိခိုက်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအဒစ်ယာနာ့သ်က ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် အဒစ်ယာနာ့သ်ဟာ အပျက်အစီးတွေကို ရဟတ်ယာဉ်နဲ့ လိုက်ကြည့်ခဲ့ပြီး မြေပြင်မှာ ရေဘေးသင့်သူတွေကို တွေ့ဆုံခဲ့တာကို ANI သတင်းဌာနက ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် အဒစ်ယာနာ့သ်က “ဇူလိုင်လ ပထမပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာပေါင်း ၁၃၃ ရွာ ရေနစ်မြုပ်ခဲ့ပြီး သီးနှံစိုက်ခင်း ဟက်တာပေါင်း ထောင်နဲ့ချီ ထိခိုက်ခဲ့တယ်” လို့ ပြောပါတယ်။

မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ နောက် ၂ ရက်မှ ၃ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိကြောင်းနဲ့ အခြေအနေ ပိုပြီးဆိုးရွားနိုင်ကြောင်း အိန္ဒိယ မိုးလေဝသဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြည်နယ်အစိုးရ အကဲဖြတ် အစီရင်ခံစာအရ အာသံမြို့ရှိ မြစ် ၉ စင်းမှ ရေမျက်နှာပြင်တွေဟာ အန္တရာယ်အဆင့်ထက် ကျော်လွန်နေပြီး ဗြဟ္မပုတ္တရမြစ်ရဲ့ မြစ်လက်တက်တွေဟာ ဗုဒ္ဓဟူးနေ့အထိ ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း သိရပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ ရေလွှမ်းမိုးခံခဲ့ရတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အိမ်နီးချင်း နီပေါနိုင်ငံကရေတွေ စီးဆင်းလာတာကြောင့်လည်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ မြစ်အများအပြားဟာ မြစ်ကမ်းပါးတွေ ကျိုးပေါက်ခါနီး ဖြစ်နေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013