DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ဓာတ်ဆီပြတ်လပ်၊ ရေဘေးသင့် ဆားလင်းကြီးစစ်ရှောင်များ အကူအညီလိုအပ်
DVB
·
July 11, 2024
လားရှိုးတွင် ဓာတ်ဆီပြတ်လပ်၊ ရေဘေးသင့် ဆားလင်းကြီးစစ်ရှောင်များ အကူအညီလိုအပ်
1 / 2
Donate to DVB

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ လားရှိုးမှာ ဇူလိုင် ၁၀ ရက်ကစပြီး ဓာတ်ဆီ ပြတ်လပ်လာတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက “ဓာတ်ဆီ‌ ၁ လီတာ ၂၀,၀၀၀ တောင် ဝယ်လို့မရတော့ဘူး။ ဆီဆိုင်‌တွေ ပိတ်ပြီ။ ဒီဇယ်ကားတော့ အဆင်ပြေသေးတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၉ ရက်အထိ ပုံမှန်ဈေးထက် ၃၅၀ ခန့်သာ ဈေးတက်ခဲ့ပြီး တန်းစီစနစ်နဲ့ ကားတစီးကို ၅၀,၀၀၀ ဖိုး ဝယ်ယူလို့ ရခဲ့ပေမဲ့ ဇူလိုင် ၁၀ ရက်ကစပြီး ဝယ်ယူလို့မရတော့တဲ့အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံတဦးကလည်း “လက်ရှိ လားရှိုးမှာ ဓာတ်ဆီပြတ်နေပြီ။ ဓာတ်ဆီ မရှိတာ့ပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လားရှိုးက စက်သုံးဆီအရောင်းဆိုင် အများအပြား Payment Order ယာယီ ရပ်ဆိုင်းခံရပြီး စက်သုံးဆီဆိုင် အများအပြားလည်း ပိတ်ထားရတယ်လို့ သူကပြောပါတယ်။

လျှပ်စစ်မီး ပြတ်တောက်သွားပြီဖြစ်ပြီး ဓာတ်ဆီပါ ပြတ်လပ်လာတာကြာင့် ရေပါ အခက်အခဲ ဖြစ်လာရတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၀ ရက် မနက်အစာပိုင်းကစပြီး ညနက်ပိုင်းအထိ လားရှိုးမြို့စွန် ပတ်လည်မှာ တိုက်ပွဲ ပြင်းထန်နေပြီး မြို့ထဲ လူနေရပ်ကွက်ထဲ လက်နက်ကြီးတွေ ကျရောက်ကာ ‌‌‌အရပ်သား ၂ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ရေ တက်နေတဲ့အတွက် မြစ်ကမ်းဘေး ကျေးရွာတွေမှာ မှီခိုနေတဲ့ စစ်ရှောင် ၂,၀၀၀ ကျော် ရေဘေးထပ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၈ ရက် ညနေက စလို့ မိုးရွာသွန်းမှု များပြီး ဇူလိုင် ၉ ရက် မနက်မှာ ကျေးရွာတွေထဲ ရေဝင်ကာ တရက်ကို ရေအမြင့် ၁ ပေခန့် တက်နေတယ်လို့ သိရပါတယ်။

မြစ်ကမ်းဘေး ကျေးရွာ ၁၀ ရွာလောက် ရေဝင်ရောက်နေပြီး ရွာခံတွေနဲ့ မြစ်ကမ်းဘေးမှာ စစ်ဘေးရှောင်နေသူ ၂,၀၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ ဆိုပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံက “အခု ရေဘေးသင့်တွေက အတော်ကို များနေပြီ။ ရွာ တရွာကို တဝက်လောက် ရေဘေးသင့်နေပြီ။ ရွာ ၁၀ ရွာလောက်ကို ရေဝင်နေပြီ။ ၅ ရွာက မြုပ်နေပြီ။ စစ်ရှောင်စခန်း ၃ နေရာမှာ ၂ နေရာ မြုပ်သွားပြီ။ ပြည်သူတွေကိုတော့ ရွာအလယ် ကုန်းမြင့်တွေဘက်ကို ရွှေ့ထားတယ်။ မိုးကတော့ ဆက်တိုက် ရွာနေတယ်” လို့ ပြောပါတယ်။

ချင်းတွင်းမြစ်ရေ ဆက်တိုက်မြင့်တက်နေတဲ့အတွက် ဆားလင်းကြီးတမြို့နယ်လုံး ရေဝင်ရောက်တဲ့ ရွာတွေမှာ ရွှေ့ပြောင်းဖို့ လိုသူ ၅,၀၀၀ လောက် ရှိလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေ ရေဘေး ထပ်မံ တိမ်းရှောင်နေကြရတဲ့အတွက် စားနပ်ရိက္ခာ အကူအညီနဲ့ သောက်သုံးရေတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013