DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့်ထွက်ပြေးလာသူများကိုလက်ခံရန် ရှမ်းတောင်ပိုင်း၌ စစ်ရှောင်စခန်းများ ဖွင့်
DVB
·
July 10, 2024
တိုက်ပွဲကြောင့်ထွက်ပြေးလာသူများကိုလက်ခံရန် ရှမ်းတောင်ပိုင်း၌ စစ်ရှောင်စခန်းများ ဖွင့်
1 / 10
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ လားရှိုး၊ မိုးမိတ်၊ သီပေါ၊ ကျောက်မဲ စတဲ့ဒေသမှာ  လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ပြည်သူတွေ သောင်းနဲ့ချီပြီး ဘေးလွတ်ရာမှာ တိမ်း ရှောင်နေကြရပါတယ်။ 

စစ်ဘေးရှောင်တွေဟာ ရှမ်းပြည်တောင်ပိုင်းဘက်ကိုပါ ရောက်ရှိလာတာကြောင့် ရှမ်းတောင်က ဘာသာရေးအသင်းအဖွဲ့၊ စာပေယဉ်ကျေးမှု၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ ပုဂ္ဂလိက အလှူရှင်တွေကလည်း စစ်ဘေးရှောင်တွေအတွက် နားခိုရာနေရာတွေ ပြင်ဆင်ပြီး စားနပ်ရိက္ခာတွေလည်း ထောက်ပံ့ပေးနေပါတယ်။ 

တောင်ကြီးမြို့မှာတော့ ရှမ်းစာပေယဉ်ကျေးမှုအသင်း၊ နမ့်ခုံးသာရေးနာရေးအသင်းနဲ့ ဂေါပကအဖွဲ့တွေပူးပေါင်းပြီး စစ်ရှောင်လက်ခံစခန်းကို ကျောင်းကြီးစုရပ်ကွက် ဝေဠုဝန် ကျောင်းတိုက်မှာ ထားရှိတယ်လို့ စာပေယဉ်ကျေးမှုအသင်းဝင်တွေရဲ့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။ 

တောင်ကြီးရောက်စစ်ဘေးရှောင်တွေ လတ်တလော နေထိုင်စားသောက်ရေးအခက်အခဲရှိပါက ဝေဠုဝန်ကျောင်းဆရာတော် ၀၉၅၂၁၄၇၇၀၊ နမ့်ခုံးသာရေးနာရေးအသင်းဝင်  ၀၉ ၅၂၁၃၈၉၊  ရှမ်းစာပေယဉ်ကျေးမှုအသင်းဝင် ၀၉ ၄၂၅၄၆၆၆၆၅၊ ရှမ်းလူငယ်အဖွဲ့ဝင် ၀၉ ၇၈၈၉၈၄၈၁၀၊ ပိဍကတ်ကျောင်း ၀၉၄၅၅၅၈၅၁၃၃ တို့ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ 

မိုင်းကိုင်မြို့မှာတော့ စစ်ဘေးရှောင်တွေကို မွေတော်မြောက်ကျောင်းနဲ့ မြို့လယ်ဓမ္မာရုံမှာ နေရာချထားပေးပြီး မိုင်းကိုင်မြို့သူမြို့သားတွေနဲ့ တရုတ်အမျိုးသားအသင်းတို့က ချက်ပြုတ် ကျွေးမွေးကူညီနေကြောင်း၊၊ သံဃာ့ဩဝါဒခံ နာရေးကူညီမှုအသင်းနဲ့ ရှမ်းစာပေ ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်းပြီး တလမ်းဝင်တလမ်းထွက်၊ တရွာဝင်တရွာထွက် အလှူငွေနဲ့ ဆန်/ဆီ အစရှိတဲ့ စားနပ်ရိက္ခာတွေ အလှူခံပြီး ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်စခန်းတွေ အတွက် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သံဃာ့ဩဝါဒခံ နာရေးကူညီမှုအသင်း မိုင်းကိုင်မြို့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင်  လွိုင်လင်ခရိုင် ခိုလမ်မြို့  နောင်ဖာလွိုင်ကျောင်းစက်တော်ရိပ်သာမှာလည်း စစ်ဘေးရှောင် သံဃာနဲ့ ပြည်သူ ၁၇၀ ဦး လာရောက်ခိုလှုံနိုင်နေကြောင်း၊‌ ကျောင်းထိုင် ဆရာတော် ဦးသီရိဓမ္မ ၀၉ ၄၅၅၈၄၃၄၉ ကို ဆက်သွယ်နိုင်ကြောင်း ကြေညာထားပါတယ်။ 

အလားတူ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ပန်လှိုင်းဆိုင်ကျေးရွာလည်း စစ်ဘေးရှောင်တွေ အတွက် ပန်လှိုင်းဆိုင်ကိုယ်ထူကိုယ်ထပညာသင်ကျောင်းမှာ နေရာချထားပေးမှာဖြစ်ပြီး ဖုန်းနံပါတ်  ၀၉၇၈၉၇၆၂၉၆၃၊ ၀၉၆၇၅၉၁၃၅၃၊ ၀၉၆၉၁၂၅၃၁၁၁ တို့ကို ဆက်သွယ်နိုင်တယ်လို့ လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။ 

လွိုင်လင်ခရိုင် လဲချားမြို့မှာလည်း မြို့သူမြို့သားတွေစုပေါင်းကာ ရပ်ကွက် ၁ မြို့တော် ခန်းမရှေ့မှာ မဏ္ဍပ်ထိုးပြီး ဖြတ်သန်းသွားလာတဲ့ စစ်ဘေးရှောင်တွေကို ထမင်းထုတ်ဝေငှတာ၊ ကျွေးမွေးဧည့်ခံနေပါတယ်။ လဲချားမြို့မှာ လာရောက်ခိုလှုံလိုပါက အမှတ် ၄ ရပ်ကွက် ကုန်းနိမ်ကျောင်းတိုက်မှာ နေရာချထားပေးမှာဖြစ်ကြောင်း၊ လူဦးရေ ၁၅၀ ခန့် လက်ခံနိုင်ပြီး ဒိထက်များလို့ နေရာမဆံ့ပါက အခြားကျောင်းတိုက်တွေမှာ ဆက်လက်စီစဉ်ပေးမှာဖြစ်ကြောင်း၊ ဟိုလွိုင်ကျောင်းဆရာတော် ဖုန်းနံပါတ် ၀၉၇၇၄၅၇၇၂၃၀ နဲ့ ကုန်းနိမ်ဆရာတော် ၀၉၆၇၃၁၁၇၁၈၇၂ တို့ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

လားရှိုးမှ စစ်ရှောင်မိသားစုများ ပင်လုံမြို့ ရှင်ပေါလုခရစ်ယာန်ဘုရားကျောင်းမှာလည်း တည်းခိုနေရာပေးနိုင်ကြောင်း၊ ဖုန်းနံပါတ် ၀၉၇၆၅၅၆၅၆၅၄၊ ၀၉၂၅၉၁၄၀၄၀၀ နဲ့ ၀၉၄၀၂၇၈၄၄၀၂ တို့ကို ဆက်သွယ်နိုင်ကြောင်း လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းကနေ ထွက်ခွါလာတဲ့ စစ်ဘေးရှောင်တွေ ဖြတ်သန်းလာရာ နမ့်လန်၊ ရပ်စောက် အစရှိတဲ့ ဒေသတွေက အလှူရှင်တွေကလည်း လမ်းမှာ သောက်ရေနဲ့ ထမင်း ထုတ်တွေ ဝေငှပေးနေပါတယ်။ 

ကိုးကား - ဖေ့စ်ဘုတ်လူမှုကွန်ရက် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013