DVB Logo
Home
မြန်မာသတင်း
နောင်ချို ၆၀၆ ဒုံးတပ်ရင်းကို သိမ်းပိုက်ပြီး တမြို့လုံးကို TNLA ပူးပေါင်းတပ် ထိန်းချုပ်
DVB
·
July 10, 2024
နောင်ချို ၆၀၆ ဒုံးတပ်ရင်းကို သိမ်းပိုက်ပြီး တမြို့လုံးကို TNLA ပူးပေါင်းတပ် ထိန်းချုပ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ နောက်ဆုံးကျန်နေတဲ့ ဒုံးတပ်ရင်း ၆၀၆ တပ်ကို ပူးပေါင်းတပ်တွေက ဇူလိုင် ၁၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ သိမ်းပိုက်ပြီး တမြို့လုံးကို ထိန်းချုပ်လိုက်ပြီလို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နောင်ချိုမြို့ အနောက်ဘက်က ခမရ-၁၁၄ နဲ့ ခမရ-၁၁၅ တပ်တွေကို ဇွန်လကတည်းက သိမ်းပိုက်ထားပြီး မြို့တောင်ဘက်က ဒတရ-၆၀၆ ကို ဇူလိုင် ၁၀ ရက်မှာ သိမ်းပိုက်လိုက်တာ လို့ ဆိုပါတယ်။

မြေပြင်မှာရောက်နေတဲ့ စစ်ရေးသတင်းရင်းမြစ်က “၆၀၆ သိမ်းပြီးပြီဗျ။ ဖမ်းရတာက ဒီမနက်မှဆိုတော့ သေချာတော့ စစ်ဆေးနေတုန်းပါအစ်ကို။ အတွဲလိုက်ပစ်တဲ့ ကားကြီး ၃ စီးကို စကစတွေက မီးရှို့ခဲ့တယ်။ နောင်ချိုပတ်ဝန်းကျင်မှာဆိုရင် တောင်ခမ်းတပ် ကျန်သေးတယ်ဗျ။ နောင်ချိုမြို့နဲ့ ၁၅ မိုင်လောက်ဝေးတယ်” လို့ DVB ကို ပြောပါတယ်။

ဒါကြောင့် တအာင်းတပ်-TNLA ပြောခွင့်ရသူနဲ့ MDY PDF ပြောခွင့်ရသူ ကိုအော်စမွန်တို့ဆီ DVB က ဆက်သွယ်ပေမဲ့ ညနေ ၄ နာရီအထိ ပြန်ဖြေကြားတာ မရှိသေးပါဘူး။

နောင်ချိုမြို့ခံတဦးကတော့ နောင်ချိုမြို့မှာ ယာယီအုပ်ချုပ်ရေး စတင်နေပြီး ဒေသခံတချို့ ပြန်ဝင်ရောက်နေပေမဲ့ အနည်းစုသာ ရှိသေးတယ်လို့ ဆိုပါတယ်။

မြို့ခံ အမျိုးသမီးတဦးက “စစ်ရှောင်တွေအကုန် မြို့ထဲ ပြန်မဝင်လာသေးဘူး။ လက်ရှိ မြို့ထဲကလူတွေတော့ သွားလာနေကြဆဲ၊ မြို့ပေါ်ကို ရထားတာ ကြာကြီဆိုပေမဲ့ ရှေ့အပတ်လောက်က လေယာဥ်နဲ့ မြို့ပေါ်ကို ကြဲထားတာတွေကြောင့် ပြည်သူတွေ စိတ်ချလက်ချ ပြန်ဝင်မနေနိုင်သေးတဲ့ အနေအထား ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဇွန် ၂၅ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ (ဒုတိယပိုင်း) “ရှမ်းမန်းစစ်ဆင်ရေး” ဟာ ဇူလိုင် ၁၀ ရက်နေ့မှာတော့ နောင်ချိုမြို့နဲ့ မိုးကုတ်အနောက်ခြမ်းတွေကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နောင်ချိုနဲ့ အနီးဆုံး ကျောက်မဲ စကခ ၁ အပါအဝင် မိုးကုတ်၊ လားရှိုးနဲ့ မန္တလေးတိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

တိုက်ပွဲ ၁၅ ရက်အတွင်းမှာတော့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား အယောက် ၅၀ သေဆုံးပြီး အယောက် ၇၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013