DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေး ပြန်စတင်
DVB
·
July 10, 2024
အင်ဒိုနီးရှား မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေး ပြန်စတင်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းရှိ တရားမဝင် ရွှေတွင်းတခုမှာ မြေပြိုမှုကြောင့် အနည်းဆုံး ၂၃ ဦး သေဆုံးခဲ့ပြီးနောက်မှာ ပျောက်ဆုံးနေဆဲ လူ ၃၅ ဦးကို ပြန်လည်ရှာဖွေမှုတွေ ပြုလုပ်နေတာကြောင့် အင်ဒိုနီးရှားအစိုးရဟာ ရဟတ်ယာဉ်တစင်းနဲ့ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေကို ဇူလိုင် ၉ ရက်မှာ တပ်ဖြန့်ထားလိုက်ပါတယ်။

မြို့တော် ဂျကာတာရဲ့ အရှေ့ဘက် ကီလိုမီတာ ၂,၀၀၀ ကျော်အကွာ ဂိုရွန်တာလိုပြည်နယ် ဆူဝါဝါခရိုင်မှာ တနင်္ဂနွေနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သတ္တုတွင်းလုပ်သားတွေနဲ့ ဒေသခံတွေ ထိခိုက်ခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်သူတဦးဖြစ်တဲ့ အသက် ၄၀ အရွယ် ရွှေတူးဖော်သူ ရစ်ခ်ဆွန် ဘူဟွန်ဂိုက မြေပြိုမှုကြောင့် မီတာ ၅၀ လောက်အထိ မြေကြီးထဲကို ဆွဲငင်ခံခဲ့ရကြောင်း ပြောပြပါတယ်။

နောက်ဆုံးမှာ သူ့ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ခြေထောက်နဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မြေပြိုမှုကြောင့် သူ့စခန်းရှိ လူ ၁၀ ဦး သေဆုံးပြီး သူနဲ့ တခြား မိုင်းလုပ်သားတယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး သေဆုံးခဲ့ကြောင်း ရစ်ခ်ဆွန်က ပြောပါတယ်။ တဖက်မှာ မိုးရွာချပြီး တဖက်မှာ မြေပြိုခဲ့တာလို့ သူကဆိုပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို တနင်္လာနေ့မှာ ခေတ္တရပ်နားခဲ့ပြီးနောက် အင်္ဂါနေ့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြန်စရာမှာ လူ ၄၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။

ညနေပိုင်းမှာတော့ အသက်ရှင်ကျန်ရစ်သူ ၆၆ ဦးကို အပျက်အစီးတွေထဲကနေ ဆွဲထုတ်နိုင်ခဲ့ပါတယ်။

တချို့ကယ်ဆယ်ရေးသမားတွေဟာ ဘေးဒဏ်သင့်နေရာတွေကို ရောက်ရှိဖို့အတွက် ကီလိုမီတာ ၂၀ ကျော် လမ်းလျှောက်သွားရတာကြောင့် ကယ်ဆယ်ရေးလုပ်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013