DVB Logo
Home
နိုင်ငံတကာ
ဘာရယ်လ်မုန်တိုင်းကြောင့် တက္ကဆက်ပြည်နယ်၌ လူ ၂ ဒသမ ၇ သန်းအတွက် လျှပ်စစ်ဓာတ်အားပြတ်
DVB
·
July 10, 2024
ဘာရယ်လ်မုန်တိုင်းကြောင့် တက္ကဆက်ပြည်နယ်၌ လူ ၂ ဒသမ ၇ သန်းအတွက် လျှပ်စစ်ဓာတ်အားပြတ်
Donate to DVB

အပူပိုင်းမုန်တိုင်း ဘာရယ်လ်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်းကို ဇူလိုင် ၈ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့လို့ အပျက်အစီးများခဲ့ပြီး ဒေသခံ ၂ ဒသမ ၇ သန်းလောက် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့တယ်လို့ ယာယီအုပ်ချုပ်ရေးမှူး ဒန် ပက်ထရစ်ခ်က ပြောပါတယ်။

အလုပ်သမား အယောက် ၁၁,၅၀၀ ရောက်လာပြီး ဓာတ်အားပြန်ရဖို့ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပက်ထရစ်က ပြောပါတယ်။

လျှပ်စစ်ဓာတ်အားပြန်ရဖို့ ရက်ပေါင်းများစွာ အချိန်ယူ ဆောင်ရွက်ရမယ်လို့လည်း သူက ဆက်ပြောပါတယ်။

မုန်တိုင်းကြောင့် တက္ကဆက်အရှေ့တောင်ပိုင်းမှာ လေပြင်းတွေတိုက်ပြီး မိုးသည်းသည်းထန်ထန် ရွာခဲ့တာမှာ လူ ၃ ဦးထက်မနည်း သေဆုံးပြီး အဝေးပြေးလမ်းတွေ ရေလျှံခဲ့ပါတယ်။

ရေနံအတင်အချ ဆိပ်ကမ်းတွေ ပိတ်ခဲ့ရပြီး လေယာဉ်ခရီးစဉ်ပေါင်း ၁,၃၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

အရေးပေါ်တုံ့ပြန်ရေးဝန်ထမ်း ၂,၅၀၀ ကျော်ကို ပြည်နယ်အနှံ့ တပ်ဖြန့်ချထားတယ်လို့ တက္ကဆက်ပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဌာန အကြီးအကဲ နင်းမ်ကစ်ဒ်က ပြောပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013