DVB Logo
Home
နိုင်ငံတကာ
အမေရိကန်မှ ကျူးဘားသို့ လက်နက်ခိုးသွင်းမည့် အစီအစဉ်ကို တားဆီး
DVB
·
July 9, 2024
အမေရိကန်မှ ကျူးဘားသို့ လက်နက်ခိုးသွင်းမည့် အစီအစဉ်ကို တားဆီး
Donate to DVB

ကျူးဘားနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကနေ ကာရစ်ဘီယံကျွန်းကို လက်နက်နဲ့ ကျည်ဆန်ခဲယမ်းတွေကို ခိုးကြောင်ခိုးဝှက်သွင်းယူဖို့ အကြံအစည်ကို ဟန့်တားလိုက်ပါတယ်။

ကျူးဘားကွန်မြူနစ်အစိုးရကို မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းတဲ့ ကြီးကြီးမားမား အကြံအစည်ထဲမှာ ပါဝင်ပတ်သက်နေတဲ့ လူပေါင်း ၃ ဒါဇင်လောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကျူးဘားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ကျူးဘားဟာ ကြံစည်မှုရဲ့ အသေးစိတ် အချက်အလက်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပထမဆုံး ဖော်ထုတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူ ကျူးဘားအမျိုးသားတယောက်ဟာ တခြားသူတွေကိုလည်း စုဆောင်းဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ဖို့အတွက် လက်နက်ခဲယမ်းတွေ တပ်ဆင်ထားပြီးတော့ စစ်အသုံးအဆောင်တွေ ဆင်ယင်ကာ ဂျက်စကီး ရေယာဉ်ငယ်နဲ့ ကျူးဘားကျွန်းကို ရောက်ရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နောက်ဆက်တွဲ ၇ လတာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရာမှာတော့ ကျူးဘားနိုင်ငံသစ်လို့ အဓိပ္ပာယ်ရတဲ့ လာနွေးဗာ နာဆီယွန် ကူဘာနာ ဆိုတဲ့ အမေရိကန်အခြေစိုက်အဖွဲ့က ပတ်သက်နေမှု အပါအဝင် ပိုကျယ်ပြန့်တဲ့ အစီအစဉ်တခုရှိကြောင်း ရုပ်လုံးပေါ်လာတယ်လို့ ကျူးဘား ပြည်ထဲရေးဝန်ကြီးဌာရဲ့ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးခေါင်းဆောင် ဗစ်တာအယ်ဗာရက်ဇ်က ပြောပါတယ်။

အဲဒီအစီအစဉ်ဟာ အမေရိကန်မြေကနေ ကျူးဘားအပေါ် အကြမ်းဖက်တိုက်ခိုက်မှု အကြံအစည်ကို ဆက်လုပ်ဆောင်နေတာလို့ ကျူးဘားအာဏာပိုင်တွေက ဆိုပါတယ်။

ကျူးဘားဟာ စုံစမ်းစစ်ဆေးမှုရဲ့ ရလဒ်တွေကို အမေရိကန်အစိုးရ အေဂျင်စီတွေဆီ အကြောင်းကြားခဲ့ပေမဲ့ အကျိုးမရှိခဲ့ဘူးလို့လည်း ကျူးဘားက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လတ်တလောစွပ်စွဲချက်တွေကို သတိပြုမိကြောင်း ပြောကြားထားပါတယ်။

အမေရိကန် တရားဥပဒေစိုးမိုးရေးဟာ အမေရိကန်ရဲ့ ဥပဒေကို အခြေခံပြီး တဦးတယောက်စီကို တရားစွဲဆိုတာဖြစ်ပြီး နိုင်ငံခြားအစိုးရတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာလုပ်ဆောင်တာ မဟုတ်ကြောင်း တနင်္ဂနွေနေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ရိုက်တာကို အီးမေးလ်မှတဆင့် ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလတုန်းက တခြားသူတွေကို စည်းရုံးသိမ်းသွင်း လူစုဆောင်းဖို့ ဂျက်စကီးနဲ့ ကျူးဘားကို ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အားဒင်းန်စ် ဂါစီယာဟာ အခု ကျူးဘားမှာ ထိန်းသိမ်းခံနေရပြီး အမေရိကန်ပြည်ထောင်စုမှာလည်း လူကုန်ကူးမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013