
အယ်လ်နီညိုဖြစ်စဉ်ကြောင့် တူးမြောင်းရေဝေရေလဲဒေသတလျှောက် မိုးနည်းလာလို့ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့ဟာ စက်တင်ဘာလကစပြီး နေ့စဉ် သင်္ဘောတွေ သယ်ယူပို့ဆောင်မှုကို ကန့်သတ်ပြီး အချိန်ဇယားကို ပြောင်းမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
တရားဝင်အသိပေးချက်အရ ရနိုင်တဲ့ နေ့စဉ်သယ်ယူပို့ဆောင်ရေးအချိန်ဇယားကို စက်တင်ဘာ ၃ ရက်ကနေစလို့ ၃၄ ကြိမ်အထိ လျှော့ချမှာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်ကစလို့ တနေ့ကို ၃၂ ကြိမ်အထိ ထပ်လျှော့ချမှာ ဖြစ်ပါတယ်။
တူးမြောင်း အာဏာပိုင်အဖွဲ့က ရေကိုချွေတာဖို့နဲ့ ဘေးကင်းတဲ့လုပ်ငန်းလည်ပတ်မှုတွေကို သေချာစေရေး ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။
မိုးရေချိန်တွေက သမိုင်းဝင်ပျမ်းမျှထက် ဆက်နိမ့်ကျလာရင် နောက်ထပ်ချိန်ညှိတာတွေ ရှိလာနိုင်တယ်လို့လည်း သူတို့က သတိပေးခဲ့ပါတယ်။
Source: Reuters











