DVB Logo
Home
မြန်မာသတင်း
လမ်းခရီးကြန့်ကြာမှုကြောင့် နာနတ်သီးများပုပ်သိုးပြီး ဈေးကောင်းမရဖြစ်နေ
DVB
·
July 23, 2026
Photo: Su Lay
Photo: Su Lay
Donate to DVB

သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ လမ်းခရီးကြန့်ကြာမှုတွေကြောင့် နာနတ်သီးတွေ ပုပ်သိုးပြီး စျေးကောင်းမရတာကြောင့် ကုန်သည်နဲ့ တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သစ်သီးပွဲရုံ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတွေကနေ ထွက်ရှိတဲ့ နာနတ်သီးတွေကို မန္တလေးစျေးကွက် တင်ပို့ရာမှာ လမ်းခရီးကြန့်ကြာနေပြီး အသီးတွေ မလတ်ဆတ်တော့ဘဲ ပုပ်သိုးကုန်တယ်လို့ ဆိုပါတယ်။

သစ်သီးကုန်သည်တယောက်က “လမ်းခရီးက ၃ ရက်လောက်နဲ့ ရောက်ရမဲ့အချိန်မှာ တပတ်လောက် ကြာသွားတယ်။ နာနတ်သီးက စျေးကွက်ထဲကို လတ်လတ်ဆတ်ဆတ် ပို့နိုင်မှ တော်ကာကြတာ။ သုံးရက်လောက်ဆိုရင် အသီးက မကောင်းချင်တော့ဘူး။ စျေးကွက်ထဲရောက်တဲ့ အချိန်ဆိုရင် အသီးက ပုပ်တာတွေ များတယ်။ အဲဒီတော့ ပုပ်နေတဲ့အသီးတွေက ရှုံးကုန်တာပေါ့။ အဓိက လမ်းပန်းဆက်သွယ်ရေးကြောင့် ဖြစ်တာ” လို့ ပြောပါတယ်။

ပေါ်ဦးပေါ်ဖျား နာနတ်သီးတွေဟာ အရင်နှစ်တွေက ဈေးကောင်းရရှိကာ အမြတ်အစွန်း များခဲ့ပေမဲ့ အခုနှစ်မှာတော့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် အရှုံးမပေါ်ရေးကိုသာ ဦးစားပေး ရုန်းကန်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က နာနတ်သီးတလုံးကို ကျပ် ၅,၀၀၀ ဝန်းကျင်အထိ စျေးရရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အရည်အသွေးကောင်း နာနတ်သီးတောင် ကျပ် ၁,၅၀၀ မှ ၂,၀၀၀ ဝန်းကျင်သာ ရရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နာနတ်သီးစိုက်ဧက ၃၅,၀၀၀ ခန့်ရှိပြီး ရှမ်း၊ ကချင်နဲ့ မွန်ပြည်နယ်တို့မှာ အဓိက စိုက်ပျိုးကြတာဖြစ်ပြီး ဇူလိုင်လနဲ့ သြဂုတ်လဟာ နာနတ်သီးလှိုင်လှိုင်ပေါ်ချိန် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013