DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် စပါးဖျက်ရွှေခရုများကျနေသဖြင့် လယ်သမားများ အခက်ကြုံ 
DVB
·
July 6, 2024
မော်လမြိုင်ကျွန်းတွင် စပါးဖျက်ရွှေခရုများကျနေသဖြင့် လယ်သမားများ အခက်ကြုံ 
1 / 4
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းက မိုးစပါးစိုက်ဧက ၁,၀၀၀ ကျော်မှာ စပါးဖျက် ရွှေခရုတွေ ဝင်ရောက်နေတာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။ 

ရွှေခရုတွေ ဝင်ရောက်နေချိန်မှာ တဖက်မှာလည်း ပိုးသတ်ဆေးတွေက ဈေးအဆမတန် ကြီးမြင့်နေတာကြောင့် လယ်သမားတွေအတွက် ရွှေခရုနှိမ်နင်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတဦးက ပြောပါတယ်။ 

“ခုမှစထွက်တဲ့ အနေအထားမှာ ရွှေခရုကျတော့ အတော်နာတာပေါ့။ ပိုးသတ်ဆေးဝယ်ဖို့ကလည်း စရိတ်မတတ်နိုင်တော့ တော်တော်ဖြေရှင်းဖို့ခက်တယ်။ ပိုဆိုးတာက ရွှေခရုက ဥချနှုန်း လည်းမြန်တယ်၊ ဘာလုပ်ရမှန်းမသိတော့ဘူး။” 

စပါးဖျက်ရွှေခရုတွေက မော်လမြိုင်ကျွန်းမြို့နယ်အတွင်းက ရေလိမ်ကျေးရွာ၊ အောင်လှိုင်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ရွာလောက်မှာရှိတဲ့ လယ်ကွင်းတွေမှာ ကျရောက်နေပြီး နှိမ်နင်းလို့ မနိုင်တာကြောင့် စိုက်ပျိုးထားတဲ့ မျိုးစပါးတွေကို စွန့်လွှတ်ရမယ့် အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

“နှစ်ခါရှိပြီ ရွှေခရုဖျက်လို့ ပြန်စိုက်ရတာ၊ အခုတော့ပြန်စိုက်ဖို့မရှိတော့ဘူး။ ဘဝပျက်တဲ့ အထိကို ဖြစ်သွားတာပဲ။ ရွှေခရုထပ်မကျဖို့ ရတဲ့ နည်းတဲ့ဖြေရှင်းနေတာ မရတဲ့အပြင် အဆမတန် ထပ်တိုးထပ်တိုးကျနေတယ်” လို့  ရေလိမ်ကျေးရွာမှ လယ်သမားတဦးက ပြောပါတယ်။ 

မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံတွေဟာ စပါးစိုက်ပျိုးတဲ့လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး နှစ်စဉ်မိုးစပါး ဧက ၂၅၂,၁၂၀ နဲ့ နွေစပါး ၁၄၇,၈၇၁ ကို စိုက်ပျိုးထုတ်လုပ်တာလို့ သိရပါတယ်။ 

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်ကျော်အတွင်း စပါးစိုက်ပျိုးရာမှာ အသုံးပြုရတဲ့ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ထုံးနဲ့ ဒီဇယ်ဈေးတွေ ၃ ဆကျော် မြင့်တက်လာလို့ လယ်သမားတွေဟာ အရင်လို ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေကို မသုံးနိုင်တော့ဘူးလို့ တောင်သူတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013