DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းထွက် ပင်လယ်စာခုံးများ ပြည်ပဈေးကွက် မတင်ပို့နိုင်သဖြင့် ဈေးကောင်းမရ
DVB
·
July 6, 2024
ဧရာဝတီတိုင်းထွက် ပင်လယ်စာခုံးများ ပြည်ပဈေးကွက် မတင်ပို့နိုင်သဖြင့် ဈေးကောင်းမရ
Donate to DVB

ဧရာဝတီတိုင်းကထွက်တဲ့ ရေထွက်ကုန် ပင်လယ်စာခုံးတွေ ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင်သေးတာကြောင့် ဈေးကောင်းမရဘဲ ရေထွက်ကုန်လုပ်ငန်းလုပ်သူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

အဲဒီ ပင်လယ်စာခုံးတွေကို အရင်က ပြည်ပဈေးကွက်ဖြစ်တဲ့ စင်ကာပူ၊ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ဒီနေ့အထိ ပြန်လည်တင်ပို့မရောင်းချနိုင်သေးတာကြောင့် ဈေးကောင်းမရ ဖြစ်နေတာလို့ ဆိုပါတယ်။

ဖျာပုံမြို့က ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က “ပင်လယ်စာခုံးဈေးကွက်က တော်တော်လေး ထိုးကျလာတယ်။ ဒီရက်ပိုင်းအတွင်း ပိုဆိုးလာတယ်။ ပြည်တွင်းဈေးတခုတည်းကို အားကိုးနေရတာလေ။ ဈေးက ဘယ်ရမလဲ။ အရင်က ပြည်ပဈေးကွက်ရှိတော့ အရောင်းလည်းသွက်သလို ဈေးကောင်းလည်းရတယ်။ ဈေးကောင်းရ‌ေတာ့ ရေလုပ်သားတွေကော၊ ကုန်သည်တွေကော အဆင်ပြေခဲ့တယ်။ အခုတော့ အကုန်ငုတ်တုတ်မေ့နေတယ်။ ဒီအတိုင်းဆို အဆင်ပြေတော့ဘူး” လို့ ပြောပါတယ်။

ပင်လယ်စာခုံးဈေးအနေနဲ့ အရင်က အကြီး ၁ ပိဿာကို ကျပ် ၄၅,၀၀၀၊ အလတ် ၁ ပိဿာကို ကျပ် ၃၉,၀၀၀၊ အသေး ၁ ပိဿာကို ကျပ် ၂၉,၅၀၀ အထိ ဈေးရှိခဲ့ပြီး လက်ရှိမှာတော့ ပင်လယ်စာခုံး အကြီး ၁ ပိဿာကို ကျပ် ၂၂,၀၀၀၊ အလတ် ၁ ပိဿာကို ကျပ် ၁၉,၅၀၀၊ အသေး ၁ ပိသာကို ကျပ် ၁၂,၀၀၀ ဈေးသာ ပေါက်တော့တယ်လို့ သိရပါတယ်။

ဟိုင်းကြီးကျွန်းမြို့က ပင်လယ်စာခုံး ရှာဖွေဖမ်းဆီးတဲ့လုပ်ငန်း လုပ်ကိုင်သူတယောက်က “လုပ်လို့ကိုင်လို့ အဆင်ပြေဘူးဆို အကုန်အဆင်ပြေ ဖြစ်လာတာ။ ရသလောက်လေးနဲ့ မငတ်ရေး လုပ်လာတာ၊ ဈေးကကောင်းကောင်းမရတဲ့အပြင် အခုနှစ် ငါးဖမ်းရာသီ ရောင်းတန်းဝင်တဲ့ခုံးတွေ ရှာဖွေရရှိတာ နည်းလာတယ်။ ခုံးတွေရှာမရတော့ တခြားငါးတွေလည်း ရသလားဆိုတော့ မရဘူး ဖြစ်နေတယ်။ အရင် ၃ နှစ်လောက်ကို အလုပ်လုပ်ရတာ အဆင်ပြေဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ခုံးတွေ ရှာဖွေဖမ်းဆီးတဲ့လုပ်ငန်းကို ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နဲ့ ဟိုင်းကြီးကျွန်းမြို့၊ အမာမြို့ စတဲ့မြို့နယ်တွေက ဒေသခံတွေ အဓိကလုပ်ကိုင်တာဖြစ်ပြီး အခုနှစ်တွေမှာ ခုံးတွေ ဖမ်းဆီးရရှိမှု လျော့ကျလာလို့ ဈေးကောင်းမရတဲ့ အခက်အခဲအပြင် ငါးကုန်ကြမ်းပါ မရတဲ့ အခက်အခဲပါ ရှိလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013