DVB Logo
Home
နိုင်ငံတကာ
BYD က အရှေ့တောင်အာရှ ပထမဆုံး EV လျှပ်စစ်ကားစက်ရုံ ထိုင်းတွင်ဖွင့်လှစ်
DVB
·
July 5, 2024
BYD က အရှေ့တောင်အာရှ ပထမဆုံး EV လျှပ်စစ်ကားစက်ရုံ ထိုင်းတွင်ဖွင့်လှစ်
Donate to DVB

တရုတ်ကားကုမ္ပဏီဖြစ်တဲ့ BYD ဟာ ထိုင်းနိုင်ငံမှာ EV လျှပ်စစ်ကားစက်ရုံ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါဟာ အရှေ့တောင်အာရှမှာ ပထမဆုံး EV လျှပ်စစ်ကားစက်ရုံဖြစ်ပြီး ဒေသတွင်း EV ဈေးကွက်ကို ချဲ့ထွင်မယ့်ကုမ္ပဏီ ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံက EV တွေအပေါ် အမြင်ရှင်းပြီး အော်တိုကားထုတ်လုပ်မှုတွေရဲ့ ခေတ်သစ်တခု ဖြစ်လာမှာဖြစ်ကြောင်း BYD စီအီးအိုက ပြောပါတယ်။

တရုတ်ရဲ့ EV နည်းပညာတွေကို ထိုင်းနိုင်ငံကို ယူဆောင်လာမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံကျော် ရှိပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ နှစ်စဉ်ကားထုတ်လုပ်မှုကို EV အဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းအထိ ပြောင်းလဲဖို့ ရည်ရွယ်ထားပါတယ်။

ထိုင်းနိုင်ငံဟာ Toyota, Honda, ISUZU Motor စတဲ့ ဂျပန်ကားကုမ္ပဏီတွေနဲ့ ကာလရှည် လက်တွဲခဲ့ပြီး ပြည်တွင်းမှာ ကားတပ်ဆင်တာတွေ၊ ပြည်ပက တင်သွင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ EV ကားစက်ရုံ တည်နိုင်မယ်ဆိုရင် အာဆီယံ ၁၀ နိုင်ငံနဲ့ တခြားနိုင်ငံတွေကိုလည်း ကားတင်ပို့မှုတွေ ပြုလုပ်နိုင်မယ်လို့ ထိုင်းရင်းနှီးမြှုပ်နှံမှုအဖွဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဒေါ်လာ သန်း ၄၉၀ တန် EV ကားစက်ရုံ တည်မယ်ဆိုတာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကြေညာခဲ့တာဖြစ်ပြီး ၁ နှစ်ကို အားသွင်းကြိုးပါတဲ့ Hybrids ကားတွေ အပါအဝင် ကားစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ဒီစက်ရုံကို အလုပ်သမား ၁၀,၀၀၀ နဲ့ ထိုင်းနိုင်ငံအရှေ့ပိုင်း ရာယွန်ခရိုင်မှာ တည်ထားပြီး BYD ရဲ့ Dolphin တည်ဆောက်တပ်ဆင်မှုအပိုင်းတွေ ဆောင်ရွက်နေပါတယ်။

ထိုင်းနိုင်ငံဟာ BYD အတွက် ကြီးမားတဲ့ ပြည်ပဈေးကွက်တခုဖြစ်ပြီး ပထမ ၃ လအတွင်း EV အစိတ်အပိုင်း ၄၆ ရာခိုင်နှုန်းကို ထိုင်းမှာ ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်သွားမှာပါ။

Tesla နဲ့ Great Wall Motor တို့ကလည်း ထိုင်းနိုင်ငံမှာ ထုတ်လုပ်ရေးစက်ရုံတွေ ထားရှိလို့ BYD ဟာ တတိယမြောက် လူစီးကားထုတ်လုပ်တဲ့စက်ရုံ ဖြစ်လာမှာပါ။

BYD ဟာ ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ်မှာ Tesla ကိုကျော်ပြီး ကမ္ဘာ့ EV ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ အစောပိုင်းမှာ Tesla က ပြန်လည်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

BYD ဟာ လက်ရှိအချိန်မှာ စက်ရုံတိုးချဲ့မှုတွေ ပြုလုပ်နေပြီး ဥရောပမှာလည်း ဒုတိယမြောက် စက်ရုံတည်ဆောက်မယ်လို့ ပြီးခဲ့တဲ့လက အတည်ပြုထားပါတယ်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီတွေရဲ့ နှစ်ပတ်လည် EV မြင်ကွင်းရဲ့ အဆိုအရ ကမ္ဘာတဝန်း လမ်းတွေမှာ သွားနေတဲ့ လျှပ်စစ်ကား ၃ စီးမှာ ၁ စီးက တရုတ်ကားဖြစ်တယ်လို့ သိရပါတယ်။

BYD ဟာ ပြီးခဲ့တဲ့နှစ်က ယွမ်ငွေ ဘီလီယံ ၃၀ အမြတ်ရခဲ့ပေမဲ့ ဒီနှစ် ပထမ ၃ လမှာ ထင်ထားတာထက် ဝင်ငွေပိုနည်းခဲ့ပါတယ်။

BYD ဟာ ပြည်တွင်းမှာလည်း 129EV ရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကို ခံနေရတယ်လို့ Bloomberg က ဖော်ပြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013