DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေကြီးပြီး ဗန်းမော်နှင့် ရွှေကူရှိ လူဦးရေ  ၂၃၀၀၀ ခန့်ကို အရေးပေါ် ရွှေ့ပြောင်း
DVB
·
July 5, 2024
ဧရာဝတီမြစ်ရေကြီးပြီး ဗန်းမော်နှင့် ရွှေကူရှိ လူဦးရေ  ၂၃၀၀၀ ခန့်ကို အရေးပေါ် ရွှေ့ပြောင်း
1 / 5
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ  ဇူလိုင် ၂ ရက်ကစပြီး ဧရာ၀တီမြစ်ရေ စိုးရိမ်ရေမှတ် အထက်ကျော်လွန်ကာ မြစ်ရေလျှံခဲ့တာကြောင့် ဒေသခံ ၂၃၀၀၀ နီးပါးကို ဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်းထားရတယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

မြစ်ရေကြီးမှုကြောင့် ဗန်းမော်မြို့၊ ဆူးပုတ်ကုန်းကျေးရွာ၊ မြေနိမ့်ပိုင်းရှိ နေအိမ်တချို့ ရေတွေဝင်ကာ ပိတ်မိနေသူတွေကို ဇူလိုင် ၅ ရက် ဒီနေ့ မနက်ပိုင်းထိ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေလုပ်ဆောင်နေကြရပါတယ်။ 

ရေဘေးကူညီကယ်ဆယ်ရေးသမားတဦးက "ဇူလိုင် ၂ ရက်ကစပြီး ဗန်းမော်မြို့ထဲက အိမ်ထောင်စု ၄၀၀၀ ကျော်၊ လူဦးရေ ၂၀၀၀၀ ကျော်နဲ့ ရွှေကူမြို့နယ်က လူဦးရေ ၅၀၀ လောက်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့တာပါ။ မနေ့ကဆိုရင် ရေကပိုပြီးတက်လာတယ်။ လက်ရှိ ရွှေကူမြို့မှာ ဒေသခံတွေအတွက် ယာယီစခန်း ၁၂ ခုဖွင့်ပြီး အရေးပေါ်ရွှေ့ပြောင်းထားရတယ်" လို့ ပြောပါတယ်။

ကသာမြို့နယ်နဲ့ ဗန်းမော်မြို့နယ်တွေမှာ ဧရာဝတီမြစ်​ရေဟာ စိုးရိမ်​ရေအမှတ်ကို ရောက်ရှိ​နေတာကြောင့် အနိမ့်ပိုင်း​ဒေသတွေမှာ ​နေထိုင်သူတွေအနေနဲ့ ​​နေရာရွှေ့​ပြောင်းနိုင်ဖို့ကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၄ ရက်မှာ  ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ ဇူလိုင် ၂ ရက်ကစလို့ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှု မရှိသေးကြောင်းနဲ့ ခွန်သာ၊ တပ်ကလေး၊ မြေနု၊ လက်ပံတန်း စတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေအပြင် မိုးစိမ်းကျွန်း၊ စင့်ကင်၊ မိုင်းကာ၊ ရေနီ၊ ရေလဲ၊ ညောင်ပင်သာစတဲ့ ကျေးရွာတွေနဲ့ ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေ ရေနစ်မြုပ်နေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013