DVB Logo
Home
မြန်မာသတင်း
Eleven အယ်ဒီတာချုပ်ဟောင်း ဦးဆောင်သည့် မူးယစ်ဆေးဝါးဂိုဏ်းကို နေပြည်တော်တွင် ဖမ်းမိ
DVB
·
July 4, 2024
Eleven အယ်ဒီတာချုပ်ဟောင်း ဦးဆောင်သည့် မူးယစ်ဆေးဝါးဂိုဏ်းကို နေပြည်တော်တွင် ဖမ်းမိ
Donate to DVB

Eleven Media အယ်ဒီတာချုပ်ဟောင်း ဝေဖြိုး (ခ) ဝေမင်းဖြိုး ဦးဆောင်တဲ့ မူးယစ်ဆေးဝါးဂိုဏ်းကို နေပြည်တော်၊ လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့က ဇွန် ၂၅ ရက်မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်ကနေ ရန်ကုန်ကို ဂိုဏ်းဖွဲ့ကာ သယ်ဆောင်လာတဲ့ ကျပ်ဘီလီယံ  ၂၀ ကျော်တန် မူးယစ်ဆေးဝါးတွေကို လယ်ဝေးမြို့နယ် တောင်စဥ်အေးစစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တာလို့ မူးယစ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက  DVB ကို ပြောပါတယ်။

"နေပြည်တော်မှာ ကောင်လေးနှစ်ယောက် အရင်မိတာ။ ပြီးမှအဲ့ဒီက ကွင်းဆက်နဲ့ ရမည်းသင်းမှာဖမ်းတယ်။ ရမည်းသင်းကဖော်ချက်နဲ့ ရွှေပြည်သာမှာ ခေါင်းဆောင်ကို မိတာ။”လယ်ဝေးမြို့နယ်မှာ ဇွန် ၂၅ ရက်က  ပျဉ်းမနားဘက်ကနေ  ရေနီဘက်ကို မောင်းလာတဲ့ Light Truck ကားပေါ်မှ ဇေယျာကျော်နဲ့ ဟိန်းကျော်မင်းတို့ကို ငွေကျပ်တန်ဖိုး ( ၂၀ ဒသမ ၁၆)ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်းကို စတင်မိခဲ့တာ ဖြစ်ပါတယ်။

ကလောကနေ ပျော်ဘွယ်ကိုသယ်ဆောင်ရာမှာ ပါဝင်သူတွေဖြစ်တဲ့  မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်းနဲ့ အောင်ကြီးတို့  ၃ ဦးကို ရမည်းသင်းမြို့မှာ ဇွန် ၂၆ ရက်က NISSAN BOX ယာဉ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ကွင်းဆက်တွေရဲ့ ဖော်ထုတ်ချက်အရ ပျဉ်းမနားမြို့၊  ရွာကောက်ရပ်ကွက်မှာ ဇွန် ၂၆ ရက်ညမှာ နွယ်နီသင်း၊ ရဲဒွေးလှိုင်(ခ)ဗလနဲ့ မြင့်အောင်တို့ကို  TOYOTA WILL ယာဥ်တစီးနဲ့  TOYOTA ESTIMA ထပ်မံဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

ဦးဆောင်သူ ဂိုဏ်းခေါင်းဆောင် Eleven အယ်ဒီတာချုပ်ဟောင်း ဝေဖြိုး (ခ) ဝေမင်းဖြိုး (ခ) အုန်းအုန်းနိုင်ကို ရန်ကုန် ရွှေပြည်သာမြို့နယ်၊ ၁ ရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့တာလို့  ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက  ပြောပါတယ်။

"နေပြည်တော်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ရွှေပြည်သာမြို့နယ်လေးမြို့နယ်မှာမိတာ အဲ့ဒါတွေ အားလုံးကို စီစဥ်တာ ဝေဖြိုးပါ။ အရင်က အယ်ဒီတာချုပ်ဟောင်းလို့ ပြောနေကြတယ်။ ပြီးခဲ့တဲ့လတွေကလည်း နေပြည်တော်မှာ မူးယစ်ဆေးဝါးသန်းနဲ့ချီမိသေးတယ်။”

လတ်တလောမှာ ခေါင်းဆောင် ဝေဖြိုး(ခ)ဝေမင်းဖြိုး၊ ဇေယျကျော်၊ ဟိန်းကျော်မင်း၊ မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်း၊ အောင်အောင်၊ နွယ်နီသင်း၊ ရဲဒွေးလှိုင်နဲ့ မြင့်အောင်တို့ကိုလယ်ဝေးမြို့နယ် ရဲစခန်းမှာ မူးယစ်ဥပဒေနဲ့ စစ်ဆေးနေပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်က လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးမှာ အမျိုးသားတဦးကို ငွေကျပ် ၁၀ ဒသမ ၄၄ ဘီလီယံ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၂သိန်းနဲ့ဖမ်းဆီးမိခဲ့ ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013