DVB Logo
Home
နိုင်ငံတကာ
နိုင်ငံခြားသားများ အလုပ်ခန့်ထားရေး စနစ်သစ် ဂျပန်အစိုးရ မိတ်ဆက်
DVB
·
July 3, 2024
နိုင်ငံခြားသားများ အလုပ်ခန့်ထားရေး စနစ်သစ် ဂျပန်အစိုးရ မိတ်ဆက်
Donate to DVB

ဂျပန်နိုင်ငံဟာ အလုပ်သမားပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ၃ နှစ်အတွင်း အပြည့်အဝ အကောင်အထည်ဖော်ဖို့ မျှော်လင့်ထားတဲ့ အလုပ်ခန့်ထားရေးစနစ်နဲ့ သင်တန်းသစ်တွေပါတဲ့ အစီအစဉ်သစ်ကို နိုင်ငံခြားသားအလုပ်ရှင်တွေအတွက် မိတ်ဆက်လိုက်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း အကောင်အထည်ဖော်ခဲ့တဲ့ နည်းပညာအလုပ်သင် သင်တန်း အစီအစဉ်ကို အစားထိုးမှာပါ။

သင်တန်းနဲ့ အလုပ်ခန့်ထားရေးစနစ်သစ်ဟာ အရင်အစီအစဉ်ထက်ပိုပြီး ပြောင်းလွယ် ပြင်လွယ် ရှိနေပါတယ်။

စနစ်သစ်ဟာ နိုင်ငံခြားဝန်ထမ်းတွေအနေနဲ့ ကုမ္ပဏီပြောင်းဖို့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးထားပြီး စာချုပ်သက်တမ်း ၃ နှစ်အပြီးမှာ မိခင်နိုင်ငံဆီ ပြန်ဖို့ မဖြစ်မနေ လိုအပ်ချက်တွေကို ဖယ်ထုတ်ထားပါတယ်။

စနစ်သစ်ဟာ ဂျပန်ဘာသာစကားနဲ့ နည်းပညာကျွမ်းကျင်မှု လိုအပ်ချက်တွေ ပြည့်မီတဲ့ နိုင်ငံခြားသားလုပ်သားတွေကို အလုပ်ရှင်ပြောင်းဖို့ ခွင့်ပြုထားသလို လုံလောက်တဲ့ နည်းပညာစွမ်းရည်နဲ့ အဓိက လိုအပ်ချပ်တွေ ပြည့်မီတဲ့သူတွေကတော့ အမြဲတမ်း နေထိုင်ခွင့်ပါ လျှောက်ထားနိုင်မှာပါ။

ဂျပန်နိုင်ငံမှာ လူဦးရေ ၁၃ နှစ်ဆက်တိုက် လျော့ကျနေပြီး အသက် ၇၅ နှစ်အထက် လူဦးရေက လူဦးရေ စုစုပေါင်းရဲ့ ၁၆ ဒသမ ၁ ရာခိုင်နှုန်း ရှိနေတာပါ။ ဒါကြောင့် ဂျပန်ရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ လုပ်သား ပြတ်လပ်မှုကို ကြုံတွေ့နေရလို့ ဖြေရှင်းဖို့ ဒီစနစ်သစ်က ရည်မှန်းထားပါတယ်။

ဂျပန်မှာ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ရပြီး သက်ကြီးလုပ်သားတွေ အလုပ်ဆက်လုပ်ခွင့် ရနေပေမယ့် လုပ်သားဈေးကွက်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းလို နယ်ပယ်တွေမှာ လုပ်သား ပြတ်လပ်မှု ဆိုးရွားနေတုန်းပဲလို့ ဒိုင်းအိချိ အသက်အာမခံလုပ်ငန်း အထွေထွေရေးရာ ကောင်စီဝင် မာဆာ့အာ့ခိ ရှိငဲ့ဟာ့ရာက ပြောပါတယ်။

စနစ်သစ်ဟာ ဆောက်လုပ်ရေး၊ သူနာပြု၊ စိုက်ပျိုးရေးနဲ့ ကားပြင်တဲ့ လုပ်ငန်းတွေ အပါအဝင် လုပ်သားပြတ်လပ်မှု ဆိုးရွားနေတဲ့ လုပ်ငန်းတွေကို နိုင်ငံခြားသားလုပ်သားတွေ ပိုလွယ်လွယ် လက်လှမ်းမီစေလိမ့်မယ်လို့ ပညာရှင်တွေက ယုံကြည်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013