DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့ပထမဆုံး ဟိုလိုဂရမ်ရုပ်လုံးကြွ နည်းပညာပါ ငွေစက္ကူသစ် ဂျပန် ထုတ်ဝေ
DVB
·
July 3, 2024
ကမ္ဘာ့ပထမဆုံး ဟိုလိုဂရမ်ရုပ်လုံးကြွ နည်းပညာပါ ငွေစက္ကူသစ် ဂျပန် ထုတ်ဝေ
Donate to DVB

ကမ္ဘာ့ပထမဆုံးနည်းပညာ ဟိုလိုဂရမ်ရုပ်လုံးကြွပါ  ငွေစက္ကူသစ်ကို ဂျပန်နိုင်ငံက မိတ်ဆက်လိုက်ပါတယ်။

ကြည့်ရှုသူရဲ့ ရှုထောင့်အပေါ် မူတည်ပြီး ပိုက်ဆံမှာပါတဲ့ ဟိုလိုဂရမ်ပုံရိပ်ရဲ့ မျက်နှာမူတဲ့ဘက် ပြောင်းသွားမှာ ဖြစ်ပါတယ်။

ဂျပန်မှာ  နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ငွေစက္ကူအသစ် ထုတ်လုပ်တာလည်း ဖြစ်ပါတယ်။

ငွေစက္ကူအသုံးပြုမှုကို လျှော့ချပြီး အွန်လိုင်းငွေပေးချေမှုပြုလုပ်ဖို့ အစိုးရက တိုက်တွန်းထားပေမဲ့  ရထားဘူတာ၊ ကားပါကင်၊ ဈေးဆိုင်တွေမှာ ငွေစက္ကူအသုံးပြုမှုတွေ ကျန်ရှိနေပါသေးတယ်။

ယန်း ၁၀၀၀၀ တန် ငွေစက္ကူမှာ ဂျပန်နိုင်ငံရဲ့ ပထမဆုံးဘဏ်နဲ့ စတော့အိတ်ချိန်း တည်ထောင်သူ အီချီရှီဘူဆာဝါရဲ့ ရုပ်ပုံရိုက်နှိပ်ထားပါတယ်။

ယန်း ၅၀၀၀ တန် ငွေစက္ကူအသစ်မှာတော့ ဂျပန်နိုင်ငံမှာ ပထမဆုံးအမျိုးသမီး တက္ကသိုလ်တည်ထောင်ခဲ့တဲ့ အူမီကိုဆူဒါရဲ့ ပုံဖြစ်ပြီး ၁၀၀၀ တန်မှာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ဆေးသိပ္ပံကျောင်းသား ကီတာဆာတိုရဲ့ ပုံကို ရိုက်နှိပ်ထားပါတယ်။

ငွေစက္ကူအသစ်တွေကို ၇ ဒသမ ၅ ဘီလီယံ ရိုက်နှိပ်ထုတ်ဝေမှာဖြစ်ပြီး ဒီဘဏ္ဍာနှစ် အကုန်မှာ ထုတ်ဝေဖို့ အာဏာပိုင်တွေက စီစဉ်ထားပါတယ်။

အခုလို ငွေစက္ကူအသစ်ထုတ်ဝေတာဟာ ဂျပန်နိုင်ငံအတွက် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ငွေစက္ကူအသုံးပြုလိုသူတွေအတွက် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ငွေစက္ကူအသုံးပြုမှုထက် အွန်လိုင်းငွေပေးချေမှုက ၁၀ စုနှစ်ကျော်အတွင်း ၃ ဆကျော်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၃၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဒီနှုန်းဟာ ကမ္ဘာ့အဆင့်နဲ့ယှဉ်မယ်ဆိုရင် နှေးကွေးနေပြီး ၈၀ ရာခိုင်နှုန်းအထိ တိုးမြင့်အသုံးပြုဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

ATM စက် ၉၀ ရာခိုင်နှုန်း၊ ရထားလက်မှတ်ဖြတ်တဲ့ စက်တွေနဲ့ လက်လီအရောင်းဆိုင်တွေက ပုံစံသစ်နဲ့ ငွေပေးချေမှုကို လက်ခံဖို့ ပြင်ဆင်နေကြပါတယ်။

ဒါပေမဲ့ စားသောက်ဆိုင်တွေနဲ့ ပါကင်လက်မှက်စက်တွေ တဝက်လောက်ကတော့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ အချိုရေဘူးထုတ်တဲ့ စက်တွေ ၂ ဒသမ ၂ သန်းရှိပြီး အဲဒီပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကို အဆင့်မြှင့်ရမယ်လို့ ဗန်ဒါစက်ထုတ်လုပ်ဖြန့်ချိရေးအဖွဲ့က ပြောပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013