DVB Logo
Home
နိုင်ငံတကာ
တောင်အာဖရိက အစိုးရအဖွဲ့သစ် ကြေညာ
DVB
·
July 2, 2024
တောင်အာဖရိက အစိုးရအဖွဲ့သစ် ကြေညာ
Donate to DVB

တောင်အာဖရိကသမ္မတ စီရေးလ်ရာမာဖိုဆာက ဒီမိုကရက်တစ်မဟာမိတ် (DA) က အတိုက်အခံခေါင်းဆောင် ဂျွန်စတိန်းဟတ်ဆန် စိုက်ပျိုးရေးဝန်ကြီးအဖြစ်ပါတဲ့ အစိုးရအဖွဲ့သစ်ကို ကြေညာအပြီး ဇူလိုင် ၁ ရက်မှာ တောင်အာဖရိက ပြည်သူတွေက သူတို့ရဲ့ ရောထွေးနေတဲ့ သဘောထားတွေကို တုံ့ပြန်ထုတ်ဖော်ခဲ့ကြပါတယ်။

မေ ၂၉ ရက် ရွေးကောက်ပွဲမှာ ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံးအကြိမ် မဲအများစု ရှုံးနိမ့်ပြီးနောက် အာဏာဆက်ထိန်းထားဖို့ အာဖရိကအမျိုးသားကွန်ဂရက် (ANC) ဟာ ပြိုင်ဘက်ပါတီတွေနဲ့ မိတ်ဖက်ဖွဲ့ရင်း အစိုးရအဖွဲ့သစ် ထွက်ပေါ်လာတာပါ။

ဂျိုဟန်နာစဘက်မြို့ရဲ့ လမ်းမတွေပေါ်က နိုင်ငံသားတွေကနေ နိုင်ငံရေး လေ့လာသုံးသပ်သူတွေအထိ တုံ့ပြန်မှုတွေက မျှော်လင့်ချက်ရှိတဲ့ အကောင်းမြင်မှုကနေ သံသယစိုးရိမ်မှုအထိ အမျိုးမျိုးရှိနေကြပါတယ်။

ကွင်းပြင် ဟော်ကီကစားသမား ဘရက်ဖို့ဒ် ပီတာဆန်က အစိုးရအဖွဲ့အတွင်း ကွဲပြားချက်အပေါ် အပြုသဘောဆောင်တဲ့ ရှုမြင်ချက်ကို ထုတ်ပြောပါတယ်။

ဒါပေမဲ့ တခြား ဟော်ကီကစားသမား ဂိုမိုလေမို အစ်တူမေလန်ကတော့ အစိုးရအဖွဲ့အသစ်ထဲက အတွေးအခေါ် အယူအဆ ရောထွေးနေမှာကို သံသယရှိကြောင်း ပြောခဲ့ပါတယ်။

အပြောင်းအလဲအတွင်း အီနော့ ဂေါ်ဒွန်ဝါနာက ဘဏ္ဍာရေးဝန်ကြီး၊ ရော်နယ် လာမိုလာက နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး၊ ဂွေဒေ မန်တာရှေက ဓာတ်သတ္တုနဲ့ ရေနံရင်းမြစ်ဆိုင်ရာဝန်ကြီး အဖြစ် ဆက်ရှိနေခဲ့ပါတယ်။

စွမ်းအင်ထုတ်လုပ်ရေးအရင်းအမြစ်အဖြစ် ကျောက်မီးသွေးအပေါ် သိသိသာသာ ဘက်လိုက်မှုကို လျှော့ချဖို့ ကြိုးပမ်းမှုအဖြစ် စွမ်းအင်ကဏ္ဍကို သူ့ဌာနကနေ ဖယ်ထုတ်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013