DVB Logo
Home
မြန်မာသတင်း
မွန်-ကရင်အစပ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ 
DVB
·
July 2, 2024
မွန်-ကရင်အစပ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ 
Donate to DVB

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာ စစ်ကောင်စီအခြေစိုက်တပ်တွေကို ဇွန် ၂၆၊ ၂၇၊ ၂၈ နဲ့ ဇူလိုင် ၁ ရက်နေ့တွေမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးတဦး အပါအဝင် ၂၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းအဖွဲ့က ပြောပါတယ်။

ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁ ရက် ညနေ ၄ နာရီကနေ ၅ နာရီအတွင်း ဒရုန်းနဲ့ ဗုံးသီး ၉ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ဂဠုန်စစ်ကြောင်း ဒရုန်းအဖွဲ့တာဝန်ခံက “ကျနော်တို့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဓမ္မသရွာနားက တရာနာရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ၄ နာရီမှာ ဒရုန်းနဲ့ ၄ လုံးချပြီး ၄ နာရီ ၄၂ မိနစ်မှာ ဒရုန်းနဲ့ ၅ လုံးချတယ်။ စစ်တပ်ဘက်က ၁၆ ဦးသေတယ်။ ဒဏ်ရာရတဲ့ စာရင်းကတော့ အတိအကျ မသိရသေးပေမဲ့ ဒဏ်ရာရတဲ့လူများတယ် ဆိုပြီးတော့ ကြားပါတယ်။ စစ်တပ်ဘက်ကနေ ၁၂၀ မမ ၄ လုံးနဲ့ ရွာတွေဘက်ကို ပစ်ခတ်ခဲ့ပေမဲ့ ရော်ဘာခြံတွေထဲကျတော့ ပြည်သူ အထိအခိုက်တော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ စံပယ်ဂူဘုန်းကြီးကျောင်းမှာ အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၂၆၊ ၂၇၊ ၂၈ ရက်တို့မှာ ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ခလရ ၃၂ ဦးဆောင် ဗိုလ်မှူးမျိုးကြည်နဲ့ တပ်ကြပ်ကြီးတဦး အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဂဠုန်စစ်ကြောင်း ဒရုန်းအဖွဲ့တာဝန်ခံက “စံပယ်ဂူဘုန်းကြီးကျောင်းမှာ အင်အား ၅၀ နဲ့ တပ်စွဲထားတဲ့တပ်ကို ၃ ရက်ဆက် ဒရုန်းနဲ့တိုက်တာ။ ခလရ ၃၂ ဗိုလ်မှူးမျိုးကြည် အပါအဝင် ၅ ဦးသေတယ်။ သူတို့ဗိုလ်မှူး သေသွားလို့ စစ်တပ်က လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဗိုလ်မှူးမျိုးကြည် သေဆုံးပြီးနောက် ဇွန် ၂၈ ရက် နေ့လယ်ပိုင်းက ၆၀ မမ၊ မစ်ဇိုင်းဒုံး၊ Mi35 နဲ့ အနီးနားရှိ ကျေးရွာထဲနဲ့ ဘုရားတောင်ဘုရားကုန်းကို ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်ကား ၂ စီး ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်တပ်တပ်စွဲထားတဲ့ စံပယ်ဂူဘုန်းကြီးကျောင်းကို PDF တွေက သွားပစ်တာ။ စစ်တပ်က အထိနာသွားလို့ ဟုတ်မယ်၊ ရဟတ်ယာဉ်နဲ့ မယ်တရို၊ ကော့ဒူး၊ ကော့ပနာ ရွာတွေကို လိုက်ပတ်ကြဲသလို လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ပြည်သူတဦး ဒဏ်ရာရတယ်။ စိုးရိမ်စရာတော့ မရှိဘူး။ နေအိမ်တလုံးနဲ့ ကား ၂ စီးလည်း ထိခိုက်ပျက်စီးတယ်။ ခုထိလည်း လက်နက်ကြီးတွေ ပစ်နေတုန်းပဲ။”

တိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်း ဒရုန်းအဖွဲ့၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃ ဒရုန်းအဖွဲ့၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD နဲ့ Lion Battalion အဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ကျားဖြူတပ်ခွဲ ၃ ဒရုန်းတပ်ဖွဲ့နဲ့ ဂဠုန်စစ်ကြောင်း ဒရုန်းအဖွဲ့တို့ဟာ မွန်-ကရင်အစပ်မှာ ဒရုန်းမစ်ရှင်တွေ ဆက်တိုက်ဖော်ဆောင်နေရတဲ့အတွက် ဒရုန်းဘက်ထရီတွေ error ဖြစ်ပြီး စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်ဖို့ အခက်အခဲ ဖြစ်နေတဲ့အတွက် ဘက်ထရီ အကူအညီတွေ လိုအပ်နေတယ်လို့ ဂဠုန်စစ်ကြောင်း ဒရုန်းအဖွဲ့တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း ကျိုက်မရောမြို့နယ်၊ ကျွန်းကုန်းပိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD အဖွဲ့က လက်နက်ကြီးငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

မွန်-ကရင်အစပ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီအခြေစိုက် စခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့အပြင် စစ်ကောင်စီဘက်ကလည်း တန်ပြန်အနေနဲ့ ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်နေတာကြောင့် စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013