
LGBTQ+ အသိုင်းအဝန်းရဲ့ ညီညွတ်မှုကိုပြသတဲ့ ချီတက်ပွဲတွေကို Pride Month အဖြစ် သတ်မှတ်ထားတဲ့ ဇွန်လရဲ့ နောက်ဆုံးအပတ် စနေ၊ တနင်္ဂနွေမှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။
ဇွန် ၂၉ ရက်နေ့မှာ ဥရောပနဲ့ တောင်အမေရိကတလွှား အဓိကအခမ်းအနားကြီးတွေ ကျင်းပခဲ့ပြီး ၃၀ ရက်နေ့မှာတော့ အမေရိကန်က မြို့ကြီးတွေမှာ ချီတက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
Pride ဆိုတာဟာ သင်ဘာကို ချစ်မြတ်နိုးတာပဲဖြစ်ဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြရဲတာ ဖြစ်ပါတယ်။
ဇွန်လတလလုံး Pride Month အဖြစ် သတ်မှတ်ထားပြီး LGBTQ+ တွေကို လက်ခံပေးဖို့၊ တရားမျှတမှု ရရှိစေဖို့၊ ဒီအသိုင်းအဝိုင်းတွေအပေါ် သက်ရောက်တဲ့ ပြဿနာတွေကို ဂရုပြုမိကြစေဖို့ ရည်ရွယ်ကျင်းပတာပါ။
Pride Month ဟာ အမေရိကန်မှာ ဂေးအခွင့်အရေး စတင်လှုပ်ရှားခဲ့တဲ့ နယူးယောက်မြို့က ၁၉၆၉ စတုန်းဝေါလ် လူထုအုံကြွမှုကြီးကို ဂုဏ်ပြုတာဖြစ်ပါတယ်။
Source-Reuters











