DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် လေယာဉ် ဗုံးကြဲမှုကြောင့် One Love ဟိုတယ်နှင့် နေအိမ်များ မီးလောင်
DVB
·
July 1, 2024
ကျောက်မဲတွင် လေယာဉ် ဗုံးကြဲမှုကြောင့် One Love ဟိုတယ်နှင့် နေအိမ်များ မီးလောင်
1 / 4
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ၁ ရပ်ကွက်ကို  ဇွန် ၃၀ ရက် ည ၁၁ နာရီခွဲလောက်မှာ  စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲလို့ One Love ဟိုတယ်နဲ့ အနီးတဝိုက်က နေအိမ် တချို့ မီးလောင်ပျက်စီးသွားပါတယ်။

မြို့ခံအမျိုးသားတဦးက "One Love Hotel မှာ ညသန်းခေါင် လေယာဉ် ဗုံးကြဲလို့ မီးလောင်တယ်။ ဘေးအိမ်လည်းပြိုကျပြီး တခြားအိမ် တချို့လည်းထိခိုက် ပျက်စီးသွားတယ်”လို့ ပြောပါတယ်။

ဇူလိုင် ၁ ရက် ဒီမနက်ပိုင်းမှာလည်း ပစ်ခတ်သံတွေ အနည်းငယ်ကြားရပေမဲ့ ဒေသခံတချို့ ဈေးဝယ်ထွက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံ တဦးက  “ညသန်းခေါင် ကျောက်မဲမှာ လေယာဉ်နဲ့ ဗုံး ၂ လုံး လာကြဲချတာ။ အဝေးကနေတောင် မီးတောက်ကိုမြင်ရတယ်။ One Love Hotel တဲ့ဗျာ။ လေယာဉ်နဲ့ ကြဲချလိုက်တာ ပေါင် ၅၀၀ ဗုံးတဲ့။ နောက်တလုံးက အပေါ်ရုံဘေးနားက စိန်ဆိုင်လို့ပြောတယ်" လို့ ပြောပါတယ်။

နေအိမ်တွေ စောင့်ကျန်နေခဲ့တဲ့ ပြည်သူတချို့ ထိခိုက်တယ်လို့ ကြားပေမဲ့ လက်ရှိတော့ အတိအကျ မသိရသေးဘူးလို့ အမျိုးသမီးတဦးက ပြောပါတယ်။

ဇွန် ၂၅ ရက်ကစ ဇွန် ၃၀ ရက်အထိ တိုက်ပွဲအတွင်း ကျောက်မဲ ဒေသခံ အရပ်သား ပြည်သူ‌ အယောက်  ၅၀ ဝန်းကျင် သေဆုံးတယ်လို့ ဒေသခံက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

 ဇူလိုင် ၁ ရက် မနက် ၅ နာရီလောက်ကစလို့ စစ်ကောင်စီရဲ့ ခမရ - ၅၀၁ နဲ့ ၅၀၂ စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက ဆက်လက် ထိုးစစ်ဆင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၅ ရက်ကစ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်မြို့တွေမှာ TNLA နဲ့ ပူးပေါင်းအဖွဲ့တို့ ၁၀၂၇ တကျော့ပြန်စစ်ဆင်ရေး စတင်နေတာဖြစ်ပြီး ကျောက်မဲနဲ့ နောင်ချိုမြို့တွေမှာတော့ တိုက်ပွဲပြင်းထန်ခဲ့ကာ ပြည်သူတွေနဲ့ နေအိမ်တွေ ထိခိုက်မှုရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013