DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာ ၆ ဦးပါ  တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်း ဖမ်းမိ 
DVB
·
July 1, 2024
ချင်းမိုင်တွင် မြန်မာ ၆ ဦးပါ  တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်း ဖမ်းမိ 
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဒွိုင်စကစ်မြို့နယ်ထဲမှာ မြန်မာနိုင်ငံသား ၆ ဦးပါ တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်းတခုကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံနည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး(ဆိုင်ဘာ) ရဲတပ်ဖွဲ့ကဇွန် ၂၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒီမတိုင်ခင်ရှေ့က ထိုင်းတောင်ပိုင်း ဖတ်ထလုန်းခရိုင်ထဲမှာ တရားမဝင် ဖုန်းလိုင်းကူးပြောင်းကိရိယာရောင်းချမှုကို ဖမ်းဆီးခဲ့တယ်၊  ချင်းမိုင်ခရိုင်ကိုပါ ပို့ပေးကြောင်း သိရတာကြောင့် ဆက်လက်စုံစမ်းရာမှာ အဆိုပါနေရာမှာ တရုတ်နိုင်ငံသားတွေ ငှားရမ်းနေထိုင်ပြီး Call Center အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေကြောင်း သိရတဲ့အတွက် တရားရုံးမှ ဝရမ်းစာနဲ့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုင်ဘာရဲတပ်ဖွဲ့တာဝန်ရှိ ရဲမှူးကြီး ဝေါ်လဝပ် ဝတ်နခွန်းဘန်းချားက ပြောပါတယ်။

အဆိုပါနေရာမှာ ဒွိုင်စကစ်မြို့နယ် ပါမျိန့်ရပ်ကွက် Brick Box Poll Vila & Cafe အနောက်ဘက် တိုက်အိမ်ဖြစ်ပြီး အိမ်ထဲမှာ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။  အဆိုပါနေအိမ်ကနေ တရုတ်နိုင်ငံသား ၇ ဦး၊ မြန်မာနိုင်ငံသား ၆ ဦး စုစုပေါင်း ၁၃  ဦးတို့ကို ကွန်ပျူတာ ၉ လုံး၊ တရုတ်တယ်လီဖုန်းဆင်းမ်ကတ် ၉၀ ခု၊ တရုတ်နိုင်ငံဘဏ် ငွေစုစာအုပ်၊ ဖုန်းနဲ့ အင်တာနက်လိုင်းကူးပြောင်းကိရိယာ၊ စာရင်းအချက်အလက် မှတ်သားတဲ့စာအုပ် စသဖြင့် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

သူတို့ရဲ့ လိမ်လည်နည်းမှာ နှစ်ရှည်ငွေစုလုပ်ငန်း ဖြစ်တယ်၊ စုငွေအတိုးကို အစပိုင်းမှာ ပုံမှန်ပို့ပေးပြီး သားကောင်ရဲ့ စုငွေပမာဏများလာတဲ့အခါ အဆက်ဖြတ်ပြီး ငွေကို လိမ်ယူလိုက်တယ်၊ တဖက်သား ယုံကြည်အောင် အဖွဲ့လိုက် ချိတ်ဆက်လုပ်နေသယောင် ပြတယ်၊ အဓိက ပစ်မှတ်ထားတဲ့ သားကောင်ဟာ တရုတ်နိုင်ငံသားတွေလို့ ဆိုပါတယ်။

သူတို့ဟာ တရုတ်နိုင်ငံသားတွေအပေါ် လိမ်လည်တာဖြစ်ပေမဲ့လည်း ထိုင်းမြေကို အသုံးချပြီး တရားမဝင်လုပ်ငန်း၊ ရာဇဝတ်မှုလုပ်ငန်းတွေ လာလုပ်နေတာ လက်မခံနိုင်ကြောင်း၊ ဒါကြောင့် ထိရောက်စွာ အရေးယူသွားမယ်လို့  ဆိုင်ဘာရဲတပ်ဖွဲ့ တာဝန်ရှိ ရဲမှူးကြီးက ပြောသွားပါတယ်။ 

Source - ThaiPBS News / Daily News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013