DVB Logo
Home
မြန်မာသတင်း
ရှုခင်းသာစခန်းနေရာကို လေကြောင်းက ဗုံးကြဲ၊ ကျောက်မဲတွင် အရပ်သား ၁၀ ဦးခန့်သေ
DVB
·
June 30, 2024
ရှုခင်းသာစခန်းနေရာကို လေကြောင်းက ဗုံးကြဲ၊ ကျောက်မဲတွင် အရပ်သား ၁၀ ဦးခန့်သေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားက ရှုခင်းသာစစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရပြီးနောက် ဒီနေ့ ဇွန် ၃၀ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲနေပြီး ကျောက်မဲမြို့မှာလည်း လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၀ ယောက်လောက်သေဆုံးခဲ့ပါတယ်။

ဇွန် ၂၉ ရက်နေ့ည ၈ နာရီခွဲလောက်မှာ ရှုခင်းသာစခန်းကို သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက ဒီနေ့ ဗုံးလာကြဲတာလို့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ခရိုင်မှူး ကိုကောင်းက “စခန်းကို မနေ့ညက သိမ်းရမိတာပါ။ ဒီနေ့ကတော့ ငြိမ်နေပါတယ်။ ရှုခင်းသာစခန်းကနေ စစ်သားအလောင်း ၅၀ လောက်ရတယ်။ လက်နက်ခဲယမ်း ရထားတာတွေလည်းရှိတယ်။ ဒီနေ့တော့ လေယာဉ်နဲ့ ဆက်တိုက်လာပစ်နေတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ကနေ နောင်ချိုမြို့နယ်အထိ စစ်ကောင်စီတပ်စခန်း ၅ ခု ရှိပြီး လက်ရှိမှာ တော်လှန်ရေးတပ်တွေက စခန်း  ၄ ခုအထိ သိမ်းပိုက်ရထားပါတယ်။

ကျောက်မဲမြို့မှာလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲမြို့မှာ TNLA နဲ့ နွေဦးတော်လှန်ရေး ပူးပေါင်းတပ်တွေက  ဇွန် ၂၅ က စတင်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ ရပ်ကွက်တွေထဲ ပစ်ခတ်နေတာကြောင့် ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူ ၁၀ ယောက် ဝန်းကျင်ထိခိုက်သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

သေဆုံးစာရင်းဟာ ဒီဗွီဘီက လက်လှမ်းမီတဲ့ စာရင်းပဲဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်ပါတယ်။

ကျောက်မဲမြို့နဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ကျန်ရှိနေသေးတဲ့ မြို့ပြင်က စစ်ကောင်စီတပ်ရင်း ၂ ခုကို ဆက်လက် တိုက်ခိုက်နေပါတယ်။

ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မြို့နေလူထုတွေဟာ အိုအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို နေ့စဉ် တိမ်းရှောင်နေကြရတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

လက်ရှိ စစ်ဆင်ရေးဟာ ၁၀၂၇ ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့အပြင် နောင်ချို၊ သီပေါ၊ လားရှိုး၊ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကိုပါ သိမ်းပိုက်နိုင်ဖို့အတွက် တိုင်းရင်းသားတပ်တွေနဲ့ နွေးဦးတော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013