DVB Logo
Home
မြန်မာသတင်း
ယောဒေသ အပါအဝင် ချင်းတောင်နှင့် ကလေးဒေသ လျှပ်စစ်မီးပြတ်တောက်နေ
DVB
·
June 30, 2024
ယောဒေသ အပါအဝင် ချင်းတောင်နှင့် ကလေးဒေသ လျှပ်စစ်မီးပြတ်တောက်နေ
Donate to DVB

ဓာတ်အားလိုင်းပြတ်ပြီး ယောဒေသအပါအဝင် ချင်းတောင်နဲ့ ကလေးဒေသတို့မှာ ဇွန် ၂၉ ရက်ကစလို့ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ EPC ရုံး တာဝန်ရှိသူတယောက်က “ညောင်ပင်ကြီး-အုန်းတော ကြားလို့ ကြားတယ်ဗျ။ ခန့်မှန်း ၅ ရက်လောက်တော့ ကြာမယ်လို့ ပြောတယ်ဗျ။ သွားမရတဲ့နေရာတွေ (တိုက်ပွဲဖြစ်ပွား)လို့တော့ ကြားတာပဲ။ ပြင်လို့ ရ မရ အ‌ခြေအနေတော့ သေချာမသိရသေးဘူး” လို့ ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်လို့ ထမင်းဟင်းချက်ပြုတ်ရာမှာ လျှပ်စစ်မီးအစား ထင်း၊ မီး‌သွေးကို အသုံးပြုလို့ရပေမဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်နဲ့ ဖုန်းတွေ အားသွင်းဖို့ အခက်အခဲဖြစ်နေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ခံအမျိုးသမီးတယောက်က “ထမင်းဟင်း ချက်တာက‌တော့ အရင်က မီးမမှန်တော့ မီးသွေးပဲ အသုံးများတယ်။ ခက်ခဲတာက ဖုန်းအားသွင်းရတာပဲ။ အရင်ကမီးပျက်ရင် ဖုန်းဆိုင်ကြီးတွေမှာ စက်နှိုးပြီး ဖုန်းအားတွေ၊ ပါဝါဘန့်တွေ အလကားသွင်းပေးတယ်လေ။ အခုက လမ်းကပိတ် ဆီကပြတ်တော့ မသွင်းပေးကြတော့ဘူး။ ဖုန်းအားသွင်းဖို့တော့ အခက်အခဲရှိနေတယ်” လို့ ပြောပါတယ်။

၂၃၀ ကေဗွီ ဓာတ်အားလိုင်း ပြတ်တောက်နေတာကြောင့် ယောဒေသ ဂန့်‌ဂေါ၊ ထီးလင်း အပါအဝင် စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ ကလေးဝ၊ မော်လိုက်နဲ့ ချင်းပြည်နယ်က မြို့တွေပါ မီးပြတ်တောက်နေတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်မှာ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း လက်နက်ကြီးထိမှန်ပြီး ပြတ်တောက်ခဲ့တာကြောင့် ယောဒေသအပါအဝင် ချင်းတောင်နဲ့ ကလေးဒေသ‌တို့မှာ ရက်သတ္တတပတ်ဝန်းကျင် လျှပ်စစ်မီးပြတ်တောက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013