DVB Logo
Home
မြန်မာသတင်း
ပန်းသပိတ်တွင်ပါသည်ဟု ဖမ်းဆီးခဲ့သည့် ပန်းသည် ၃ ဦးကို ငွေတောင်းပြီး ပြန်လွှတ်
DVB
·
June 30, 2024
ပန်းသပိတ်တွင်ပါသည်ဟု ဖမ်းဆီးခဲ့သည့် ပန်းသည် ၃ ဦးကို ငွေတောင်းပြီး ပြန်လွှတ်
Donate to DVB

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပန်းသပိတ်မှာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီတပ်ရဲ့ အဖမ်းခံရတဲ့ ပန်းသည်အမျိုးသမီး ၃ ယောက်ကို စစ်ကောင်စီတပ်က ၁ ယောက် ကျပ် ၇ သိန်းတောင်းယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပန်းရောင်းတဲ့ ဒေသခံအမျိုးသမီး ၃ ယောက်ကို စစ်ကောင်စီတပ်က ၁၀ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ထားပြီးနောက် မိသားစုနဲ့ဆက်သွယ်ပြီး တယောက်ကိုကျပ် ၇ သိန်းတောင်းယူကာ နောက်ကို အခုလို အစီအစဉ်တွေမှာ မပါဝင်ဖို့ လက်မှတ်ထိုးခိုင်းပြီး ဇွန် ၂၉ ရက် မနေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဒေါ်စုမွေးနေ့က ပန်းပန်လို့ အဖမ်းခံရတဲ့ အမျိုးသမီးတွေ မနေ့က ပြန်လွတ်လာတာ ဟုတ်တယ်။ အဲဒီ အဖမ်းခံရတဲ့ အမျိုးသမီးတွေက ပန်းရောင်းတဲ့သူတွေလေ။ စစ်ကောင်စီတပ်က အဲဒါကို ပန်းလည်းပန်တယ် ပန်းသပိတ်မှာပါတဲ့သူတွေကို ပန်း ပြန်ရောင်းချပေးတယ်လို့ စွပ်စွဲဖမ်းတာ” လို့ ပြောပါတယ်။

ဇွန် ၁၉ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ ကျိုက်လတ်မြို့နယ်က ပန်းရောင်းသူ အမျိုးသမီး ၃ ယောက်ကို စစ်ကောင်စီက ပန်းသပိတ်မှာပါဝင်တယ်လို့ စွပ်စွဲပြီး ညနေပိုင်းမှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတယောက်က “စစ်ကောင်စီတပ်က ဖမ်းခဲ့တာ။ ပန်းသပိတ်မှာပါလို့တဲ့။ အားလုံး ၃ ယောက်ပါ။ ခပ်ငယ်ငယ်ကောင်မလေးတွေပါ။ ဘယ်သူဘယ်ဝါ မပြောချင်ဘူး။ ငွေပေးရတဲ့အကြောင်း ထုတ်မပြောဖို့ စကစ တပ်က တခါတည်းမှာလိုက်တာ။ ပြန်လွှတ်ပေးလို့ပဲ ပျော်နေတာ” လို့ ပြောပါတယ်။

ကျိုက်လတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ ပြည့်မွေးနေ့မှာ ပန်းပန် ဓာတ်ပုံရိုက် လူမှုကွန်ယက်ပေါ်တင်မိတဲ့သူတွေ အပါအဝင် လူ ၁၁ ယောက်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013