DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မိုးကုတ်က စစ်စခန်း ၂ ခုကိုသိမ်းပိုက်ပြီး အလောင်း ၁၀ လောင်းရဟု TNLA ထုတ်ပြန်
DVB
·
June 30, 2024
မိုးကုတ်က စစ်စခန်း ၂ ခုကိုသိမ်းပိုက်ပြီး အလောင်း ၁၀ လောင်းရဟု TNLA ထုတ်ပြန်
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်က စစ်စခန်း ၂ ခုကို ဇွန် ၂၉ ရက် ညနေပိုင်းမှာ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းလည်း ရခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းက အောင်သာယာစခန်းနဲ့ အနောက်ပိုင်းက အာကာမိုးစခန်းတို့ကို သိမ်းပိုက်ရရှိတာဖြစ်ပြီး အောင်သာယာစခန်းနားမှာ တိုက်ပွဲဖြစ်လို့ ညနေ ၆ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“ကျနော်တို့နားမှာ ပစ်တာဗျာ။ သေနတ်တွေနဲ့ အပြန်အလှန်ပစ်ကြတာ။ ကြောက်စရာကြီး။ လေယာဉ်ကလည်း ကြဲပြီးတာတောင် ပတ်ပတ်လည်ဝဲနေတယ်။ လေယာဉ်ကြဲလို့ ပြည်သူတွေထိတာရှိတယ်" လို့ ပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းက အာကာမိုးတပ်စခန်းကိုလည်း ဇွန် ၂၉ ရက် ညနေပိုင်းမှာ TNLA က သိမ်းပိုက်ခဲ့ပြီး လက်နက်ကြီးကျတာကြောင့် ရပ်ကွက်တွေမှာ ထိခိုက်တာတွေရှိတယ်လို့ သိရပါတယ်။

မိုးကုတ်အနောက်ပိုင်း၊ ပန်းမ ရပ်ကွက်နားက နေအိမ်တွေနဲ့ ကျပ်ပြင်ရပ်ကွက်က နေအိမ်တချို့ကိုလည်း လက်နက်ကြီးထိမှန်လို့ ပျက်စီးခဲ့ပြီး ဇွန် ၂၅ ရက်ကနေ ဒီနေ့အထိ မိုးကုတ်မြို့မှာ စစ်ကောင်စီနဲ့ TNLA တပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။

ဒါ့အပြင် မိုးမိတ်၊ နောင်ချိုတို့မှာလည်း TNLA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေကြပြီး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ဒေသခံ အရပ်သား ၂၂ ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၃၀ ရှိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013