DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ဘုန်းတော်ကြီး ၂ ပါးနှင့် အရပ်သား ၁၄ ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီး 
DVB
·
June 30, 2024
ဖားကန့်တွင် ဘုန်းတော်ကြီး ၂ ပါးနှင့် အရပ်သား ၁၄ ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီး 
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ  စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူးကြီး ၂ ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ဘုန်းတော်ကြီးတွေနဲ့  အရပ်သား ၁၄ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒုရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲဝင် ၁၀ ဦး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်  စစ်ကောင်စီက ဖားကန့်မြို့နယ် ဆိုင်းတောင်အုပ်စု၊ စန်းသီတာကုန်းတောင်ပေါ်ရှိ သံဃာတော် ၂ ပါးနဲ့ အရပ်သား ၁၄ ဦးတို့ကို ဖမ်းဆီးထားကာ အဆိုပါကျောင်းမှာ  တပ်စွဲကာနေထိုင်နေတယ်လို့ ဆိပ်မူ(ဆိုင်းတောင်) ရွာသားတွေဆီက သိရပါတယ်။

ဇွန် ၂၇ ရက်မနက်က ဆိပ်မူရဲစခန်းကုန်းက စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အစည်းအဝေးကျင်းပနေချိန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးကြီး အောင်သူရ၊ ဒုရဲမှူး ခိုင်စိုးဟန်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့တာလို့  ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"ရဲတပ်ရင်းက အစည်းဝေးလုပ်တာကို သတင်းရပြီး ဒရုန်းနဲ့ဗုံးကြဲချတာ အကောင်ကြီးကြီးနှစ် ကောင်နဲ့ ရဲ ၁၀ ယောက်သေတယ်ဗျ။ ဒဏ်ရာရတာက ၁၀ ယောက် ကျော်တယ်။ အားလုံး ပေါင်းရင် ၁၅ လောက်တော့ ရှိမယ်။”

တိုက်ခိုက်ခံရပြီးနောက် ဆိပ်မူရဲစခန်းအနီး စန်းသီတာကုန်းတောင်ပေါ်ရှိ ရှမ်းဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကား ၅ စီးနဲ့ ရောက်ရှိလာပြီး သံဃာတော်နှစ်ပါးနဲ့  ကျောင်းပေါ်တွေ့သမျှ ရပ်သား ၁၄ ဦးကို ဖမ်းဆီးထားတာပါ။

စစ်ကောင်တပ်ဟာ ဘုန်းကြီးကျောင်းကို ရောက်ရှိလာချိန်ကနေ အခုအချိန်အထိ မပြန်သေးဘဲ  သံဃာတော်တွေ အပါအဝင် အားလုံးကိုအနီးကပ်စောင့်ကြည့်ကာ လူသားဒိုင်းသဖွယ် အသုံးထားတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

"ရောက်တဲ့နေ့ကတည်းက တပ်စွဲထားတာ ပြန်ထွက်မသွားတော့ဘူး။ သံဃာတော်နှစ်ပါးကိုလည်း ဆွမ်းစားတာကအစ လုံခြုံရေးထားပြီး စောင့်တယ်။ သူတို့က အရပ်သားတွေကို ဖမ်းပြီး လူသားတံတိုင်းလို လုပ်ထားတာ။ သူတို့လက်ထဲမှာဘာမဆိုဖြစ်သွားနိုင်တယ်။”

ဖမ်းဆီးခံ သံဃာတော်နှစ်ပါးမှာ သက်တော် ၄၀ လောက်ရှိပြီး  အရပ်သားတွေကိုလည်း ဘယ်သူနဲ့ တွေ့ခွင့်မပေးဘဲ ဖမ်းဆီးထားလို့ သူတို့ရဲ့  လုံခြုံရေးကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြိုနယ်မှာ ဇွန် ၂၅ ရက်ကစလို့ စစ်ရေးတင်းမာနေပြီး ပစ်ခတ်မှု မကြာခဏဖြစ်ပွားနေသလို ဖားကန့်မြိုနယ်က အင်းတော်ကြီးဒေသကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းက စစ်ကောင်စီစခန်း ၃ ခုကိုလည်း ဇွန် ၂၂ ရက်ကနေ ၂၅ ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013