DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့် ပေါင်းတည်တွင် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး
DVB
·
June 29, 2024
ဘုတလင်နှင့် ပေါင်းတည်တွင် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေတပ်စွဲနေတဲ့ နေရာ ၃ ခုကို ဇွန် ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ခဲ့လို စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးခဲ့ပြီး ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်မှာလည်း သစ်ပင်စိုက်ပွဲကိုလာတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးခဲ့ပါတယ်။

ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း (Budalin Mobile Team-BMT) တာဝန်ခံတယောက်က “မြို့ပေါ်က CB ဘဏ်၊ အထကကျောင်းနဲ့ မိုး ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တပ်စွဲနေတဲ့ ခွေးတွေကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ နေရာ ၃ နေရာမှာ ခွေး ၂၀ လောက် သေတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအသွင် အပြန်အလှန်ပစ်ခတ်မှု ၂ နာရီနီးပါးကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဘက်က ရဲဘော် ၄ ယောက်ကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့ကြလို့ ဆေးကုသမှု ခံယူနေတယ်လို့လည်း သိရပါတယ်။

ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်းရဲ့ ​စစ်ကြောင်းမှူးတယောက်က “ကျနော်တို့ တပ်ဖွဲ့တွေ ညနေ ၅ နာရီခွဲဝန်းကျင်မှာ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိုး ကိုယ်ပိုင်‌ အထက်တန်းကျောင်းက ခွေးတွေကိုပစ်နေပြီး သူတို့ထဲက ဝင်စီးနိုင်တော့မယ့်အချိန်ရောက်မှ ကျည်ကုန်သွားတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း (Budalin Mobile Team-BMT) အပါအဝင် ADPRA PLA၊ BLDF၊ SAF၊ RSF၊ မုံရွာခရိုင် တပ်ရင်းအမှတ်၂ဝ (BOB)၊ ရွှေဘိုခရိုင် တပ်ရင်းအမှတ် ၂၀၊ ရေဦး ပကဖ ဖီးနစ်တပ်ခွဲ၊ ရေဦး ပကဖ Galaxy Force၊ GZ တပ်ဖွဲ့(တန်ဆည်)၊ ဝံသပါလတပ်ဖွဲ့(ရေဦး)၊ ဘုတလင် ပကဖ နဲ့ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲတိုက်နယ်အပိုင် ဇီးကုန်းကျေးရွာနားမှာ ဇွန် ၂၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ သစ်ပင်စိုက်ပွဲကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ယောက်သေဆုံးတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ပေါင်းတည် ပကဖ တာဝန်ခံက “ဟန်ရေးပြလုပ်နေတဲ့ သစ်ပင်စိုက်ပွဲမှာ စစ်တပ်၊ ရဲ၊ ထွေအုပ်၊ စည်ပင်၊ အနီးအနား ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ တက်ရောက်ကြတယ်။ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စကစတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ကားတွေနဲ့ သဲကုန်းမြို့နယ်ဘက်ကို သယ်ဆောင်သွားပြီး အဲဒီကနေတဆင့် ရွှေတောင်မြို့နယ် ခုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။

ဆင်မြီးဆွဲဘက်ကနေ ဇီးကုန်းရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကား ၈ စီးနဲ့ လာတာကို ကြိုတင်သတင်းရလို့ မိုင်းထောင်ခဲ့တာဖြစ်ပြီး ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF ၃၆၀၁ တပ်ရင်း တပ်ခွဲ ၃၊ WISDOM အဖွဲ့က အဝေးထိန်းမိုင်းခွဲ တိုက်ခိုက်ခဲ့တာ လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013