DVB Logo
Home
မြန်မာသတင်း
ပေါင်းတည်ထောင်၌ ဆေးဝါးမလုံလောက်မှုကြောင့် သက်ကြီးနိုင်ငံရေးအကျဉ်းသား ၁ ဦး ကွယ်လွန်
DVB
·
July 20, 2026
Photo: PPNM
Photo: PPNM
Donate to DVB

ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်မှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးထားတဲ့ သက်ကြီး နိုင်ငံရေးအကျဉ်းသား ဦးထွန်းမြင့်ဟာ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ဇူလိုင် ၁၂ ရက်မှာ ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က  ထုတ်ပြန်ပါတယ်။

အသက် ၇၂ နှစ်အရွယ် တောင်သူလုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းမြင့်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတာပါ။

အရင်က ကျန်းမာသန်စွမ်းခဲ့သူဖြစ်ပေမဲ့ ထောင်တွင်းမှာ ရောဂါဝေဒနာ ခံစားခဲ့ရတာဖြစ်ပြီး ဇူလိုင် ၇ ရက်က ထောင်တွင်းမှာ သတိလစ်လဲကျခဲ့ကာ ခန္ဓာကိုယ်ညာဘက်တခြမ်း လေဖြတ်ဝေဒနာ ပြင်းထန်စွာခံစားရပြီးနောက် ကွယ်လွန်ခဲ့တာလို့ PPNM က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ပျက်ကွက်ပြီး လူ့အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တဲ့ စစ်အာဏာရှင် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနတို့ရဲ့ လုပ်ရပ်တွေအပေါ် PPNM အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013