DVB Logo
Home
မြန်မာသတင်း
DMG သတင်းထောက်နှင့် ဝန်ထမ်းကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်စီချမှတ်
DVB
·
June 29, 2024
DMG သတင်းထောက်နှင့် ဝန်ထမ်းကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်စီချမှတ်
Donate to DVB

လူမျိုးတုန်းသတ်ဖြတ်မှုကို အရေးယူပေးဖို့ တောင်းဆိုတဲ့သတင်းကို ဖော်ပြခဲ့တဲ့ ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG)သတင်းဌာနက  သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက မနေ့က ဇွန် ၂၈ ရက်မှာ ထောင်ဒဏ် ၅ နှစ်စီချ မှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

DMG သတင်းထောက် ကိုထင်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ဖမ်းဆီးထားပြီး ၈ လအကြာမှာ စစ်တွေမြို့နယ်တရားရုံးက အခုလို ထောင်ဒဏ်ချမှတ်လိုက်တာလို့ အမှုကိုကူညီဆောင်ရွက်ပေးနေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အဓိက ကတော့ သူတို့နှစ်ယောက်လုံးကို ‘လူမျိုးတုန်းသတ်ဖြတ်မှုကို အရေးယူပေးဖို့ မွတ်ဆလင်တွေတောင်းဆို’ ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ တဖက်သတ်စွပ်စွဲပြီး စစ်တွေ အမှတ် ၁ စခန်းက ပုဒ်မ ၅၂ (က)နဲ့စွဲဆိုထားတဲ့အမှုပါ။ မနေ့က တရားရုံးမှာ နှစ်ယောက်စလုံးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်ပါတယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က DMG သတင်းထောက် ကိုထက်အောင် စစ်တွေမြို့ ဝင်္ကဘာကွင်းက သီတင်းကျွတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို  သတင်းဓာတ်ပုံရိုက်ယူနေတုန်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရုံးဝန်ထမ်းဖြစ်သူ ကိုစိုးဝင်းအောင်ကိုလည်း အဲဒီနေ့မှာ DMG ရုံးကို  ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင်  DMG သတင်းဌာန အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေကိုလည်း  စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသေးတယ်လို့ ရခိုင်အခြေစိုက်သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့  DMG သတင်းဌာနကဝန်ထမ်းနှစ်ဦးကို မတရား ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ငံတဝန်းမှာ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံး လွှတ်ပေးဖို့အတွက် နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက စစ်ကောင်စီကို ဖိအားပေးတိုက်တွန်းဖို့လည်း တောင်းဆိုထားကြပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့စာရင်းအရ လိုင်စင်ပိတ် သိမ်းခံရတဲ့ သတင်းဌာန ၁၃ ခုအပြင် တခြားပိတ်သိမ်းခံရတဲ့ သတင်းဌာနတွေလည်း အများအပြားရှိနေပါတယ်။

လက်ရှိ ပြည်တွင်းက သတင်းသမားတွေ၊ သတင်းဌာနတွေအနေနဲ့ လုံခြုံမှုမရှိတဲ့ကြားကနေ သတင်းအလုပ် ဆက်လုပ်နေကြရသလို တချို့သတင်းသမားတွေကတော့ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013