DVB Logo
Home
မြန်မာသတင်း
မြို့သစ်နှင့် ရေစကြိုတွင် စစ်ယာဉ်တန်းနှင့် ပျူစခန်း တိုက်ခိုက်ခံရပြီး ၁၈ ဦးထက်မနည်း သေဆုံး
DVB
·
June 28, 2024
မြို့သစ်နှင့် ရေစကြိုတွင် စစ်ယာဉ်တန်းနှင့် ပျူစခန်း တိုက်ခိုက်ခံရပြီး ၁၈ ဦးထက်မနည်း သေဆုံး
Donate to DVB

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဇီးလုံးဘော့ကျေးရွာနဲ့ ငါးခူအိုင်ကျေးရွာကြားမှာ ဇွန် ၂၅ ရက် မနက် ၇ နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဆီသယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီး တိမ်းမှောက်ပြီး စစ်ကောင်စီတပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အမှတ် ၉၀၃ တပ်ရင်း၊ တပ်ခွဲ ၃၊ တိုက်ဒေါင်း ပြည်သူ့ကာရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

“နေပြည်တော်ဘက်ကနေ မကွေးကိုပို့ဖို့ သယ်လာတဲ့ လေယာဥ်ဆီဘောက်ဆာကား ၅ စီးနဲ့ ယာဥ်တန်းလုံခြုံရေး‌ေ–းတွေ ၂၀ လောက်ပါတဲ့ ကား ၁ စီး၊ ပေါင်း ၆ စီးကို ဇီးလုံးဘော့နဲ့ ငါးခူအိုင် ၂ ရွာကြားက သစ်တောရုံးနားမှာ သတင်းကြိုရလို့ စောင့်ပြီး မိုင်း ၈ လုံးနဲ့ ဆွဲခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဆီဘောက်ဆာကား ၁ စီးနဲ့ ယာဥ်တန်းလုံခြုံရေး စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ မော်တော်ယာဥ် ၁ စီး တိမ်းမှောက်သွားပြီး စစ်ကောင်စီတပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဆီသယ်ယာဉ်တန်းဟာ ရှေ့ဆက်မသွားတော့ဘဲ ဇွန် ၂၆ ရက်မှာ နေပြည်တော်ဘက်ကို ပြန်လှည့်သွားတယ်လို့ သိရပါတယ်။

“မိုင်းဆွဲခံရတဲ့ နေရာနားက ရွာတွေကို ‌ေ-းတပ်က စစ်ကြောင်းထိုးနေတယ်။ ရွှေပန်းမြောက်ဘက်က တောင်ကုန်းတွေပေါ် အထိုင်ချပြီး ရွာတွေဘက်ကို ၄၀၊ ၆၀ မမ တွေနဲ့ ရမ်းပစ်နေတယ်။”

လေယာဥ်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဇွန် ၂၇ ရက်ကနေ ၂၈ နေ့အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၉၀၃ တပ်ရင်း၊ တပ်ခွဲ ၃၊ တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဆီသယ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြောဆိုလာတာ မရှိသလို DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာမှာ အထိုင်ချထားတဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ပျူစောထီး ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန် ၂၇ ရက် နေ့လယ် ၁၂ နာရီကနေ ညနေ ၆ နာရီအထိ ပျူစောထီးအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ပျူစောထီး ၅ ဦး နေရာမှာ သေဆုံးခဲ့ပြီး ပျူစောထီးခေါင်းဆောင် အပါအဝင် ၇ ဦး မိတ္ထီလာ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက “အဲဒီရွာမှာ ပျူအင်အားတင် ၈၀ ဝန်းကျင်ရှိတယ်။ တခါတလေ စစ်သားတွေ စခန်းလာထိုင်တာရှိတယ်။ ကျနော်တို့က သူတို့ကင်းထိုင်တဲ့ ပျူစခန်းနေရာတွေကို တိုက်တာပါ။ ဆင်ချောင်းက ဗိုလ်ချုပ်စိုးမောင် ရွာဆိုတော့ အာဏာသိမ်းစကတည်းက ပျူစောထီး အထိုင်ချတဲ့ရွာတွေပါ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို Southern YSO PDF၊ မြိုင်ပကဖ၊ ပြည်သူ့အားမာန် PDF၊ ရွှေညာမြေ PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013