DVB Logo
Home
မြန်မာသတင်း

နို၀င်ဘာလအတွင်း တိုက်ပွဲများ၌ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၅၇၄ ဦး သေဆုံး

DVB
·
November 25, 2026
Photo: NUG-MOD
Photo: NUG-MOD
Donate to DVB

၂၀၂၆ ခုနှစ် အောက်တိုဘာလပိုင်းအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်အာဏာရှင်တပ်ဘက်က ၅၇၄ ယောက် သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး၀န်ကြီးဌာနက နို၀င်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်တပ်က သေဆုံးသူ ၅၇၄ ယောက်၊ ဒဏ်ရာရရှိသူ ၁၃၀ ယောက်၊ အရာရှိအဆင့် သေဆုံး၊ ဒဏ်ရာရတာနဲ့ ဖမ်းမိတာ ၁၅ ယောက်၊ ရန်သူစခန်းကို တိုက်ခိုက်မှု ၂၁ ကြိမ်နဲ့ ရန်သူ့စခန်း ၈ ကြိမ် သိမ်းပိုက်ရရှိတယ်လို့ ထုတ်ပြန်တဲ့အချက်အလက်မှာ ဖော်ပြပါတယ်။

၂၀၂၄ ဇူလိုင်လမှ ၂၀၂၆ သြဂုတ်လအထိ ၂ နှစ်ကျော်အတွင်း စစ်အာဏာရှင်တပ်မှာ သေဆုံးသူ အယောက် ၂၀,၀၀၀ ကျော်၊ ဒဏ်ရာရသူ ၁၀,၀၀၀ လောက်၊ ပြည်သူ့ရင်ခွင်ခိုလှုံသူ (အလင်းဝင်သူ) ၃,၈၇၄ ယောက်၊ စစ်အာဏာရှင်တပ်မှာ ထွက်ပြေးသူ အယောက် ၂၀,၀၀၀ ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အများစုဟာ စစ်မှုထမ်းတပ်သားသစ်တွေလို့ ဆိုပါတယ်။

လက်ရှိမှာ‌တော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၅၃၆ ယောက် ရှိတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source: NUG-MOD

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013