DVB Logo
Home
မြန်မာသတင်း
ဂျပန်ပြည်သူများ မြန်မာပြည်သူဘက်က ရပ်တည်ပေးရန် အကယ်ဒမီမင်းမော်ကွန်း တောင်းဆို
DVB
·
June 28, 2024
ဂျပန်ပြည်သူများ မြန်မာပြည်သူဘက်က ရပ်တည်ပေးရန် အကယ်ဒမီမင်းမော်ကွန်း တောင်းဆို
1 / 4
Donate to DVB

ဂျပန်ပြည်သူတွေအနေနဲ့  စစ်အာဏာရှင်လက်အောက်မှာ ဒုက္ခအခက်အခဲပေါင်းစုံ ခံစားနေကြရတဲ့   မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ပေးကြဖို့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းက တောင်းဆိုလိုက်ပါတယ်။

တော်လှန်အနုပညာရှင် ပရိသတ်အချစ်တော် မင်းမော်ကွန်းဟာ  ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်ဂျူခုမှာရှိတဲ့ Shinjuku K’s Cinema မှာ ဒါရိုက်တာ ကိုပေါက်ရဲ့ ရောင်နီလာရာလမ်းရုပ်ရှင် Talk show မှာပါဝင်တက်ရောက်စဉ် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မင်းမော်ကွန်းက “ဂျပန်လူမျိုးတွေက လွတ်လပ်မှုနဲ့ တရားမျှတမှုကို ချစ်မြတ်နိုးကြတာကို ကျနော် အပြည့်အဝလက်ရှိယုံကြည်တယ်။ ကျနော်တို့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေကိုသိရှိ နားလည်ပြီး လူသားချင်းစာနာမှုနဲ့ ဝိုင်းဝန်းပြီး တရားမျှတမှုနဲ့ အမှန်တရားကို ရပ်တည်ပေးကြပါ”လို့  ရုပ်ရှင်အပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အကယ်ဒမီမင်းမော်ကွန်းဟာ ဂျပန်နိုင်ငံမှာတော်လှန်ရေးအတွက် အနုပညာလက်နက်ဆိုတဲ့ ခေါင်းစဉ်နဲ့ အိုဆာကာမြို့မှာ ဇွန် ၃၀ ရက်၊ ဂွန်းမမြို့မှာ ဇူလိုင် ၇ ရက် ၊ကျူးရှူးမှာ ဇူလိုင် ၁၃ ရက်နဲ့ တိုကျိုမြို့မှာ ဇူလိုင် ၁၄ ရက်နေ့တွေမှာ တော်လှန်အနုပညာပွဲတော်တွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဒီခရီးစဉ်ကနေ ရရှိတဲ့အကျိုးအမြတ်အားလုံးကို  CDM အနုပညာရှင်တွေနဲ့ နွေဦးတော်လှန်ရေး အတွက် အားလုံးပြန်လည်အသုံးချသွားမယ်လို့ မင်းမော်ကွန်းက DVB ကို ပြောပါတယ်။

ဒါရိုက်တာကိုပေါက်ရဲ့ ရောင်နီလာရာလမ်းရုပ်ရှင်ကို တိုကျိုမြို့ရှိ အဆိုပါရုပ်ရှင်ရုံမှာ ဒုတိယအကြိမ်ပြသခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံတဝန်းတခြားမြို့တွေမှာလည်း ဆက်လက်ပြသဖို့ အစီအစဉ် ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013