DVB Logo
Home
အားကစား
ယောဂလေ့ကျင့်နေသည့် အင်္ဂလန်အသင်း အပါအဝင် ယူရို ၂၀၂၄ နောက်ဆုံးသတင်းများ
DVB
·
June 28, 2024
ယောဂလေ့ကျင့်နေသည့် အင်္ဂလန်အသင်း အပါအဝင် ယူရို ၂၀၂၄ နောက်ဆုံးသတင်းများ
Donate to DVB

ဝေဖန်ခံနေရသော အင်္ဂလန်အသင်း ယောဂ လေ့ကျင့်

ဝေဖန်မှုတွေကြောင့် ဖိအားများနေတဲ့ အင်္ဂလန်အသင်းဟာ ယောဂလေ့ကျင့်မှုတွေ ပြလုပ်နေပါတယ်။

စလိုဗေးနီးယားနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် အင်္ဂလန်ကစားသမားတွေ ယောဂလေ့ကျင့်ခန်းတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်ပေမဲ့ လက်ရှိခြေစွမ်းက အားရစရာမရှိတာကြောင့် ပရိသတ်တွေရဲ့ စိတ်ပျက်ခြင်းကို ခံနေရပါတယ်။

အုပ်စုပွဲမှာ ၃ ပွဲကစား ၂ ဂိုးသွင်း ၁ ဂိုးပေးထားရတဲ့ အင်္ဂလန်အသင်းကို ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ အင်္ဂလန်အသင်းဟာ ရှုံးထွက်အဆင့်မှာ စလိုဗက်ကီးယားနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဂျော်ဂျီယာအသင်း  ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ကို တက်ရောက်

စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီကို ၂ ဂိုးပြတ်အနိုင်ရပြီး ဂျော်ဂျီယာအသင်းဟာ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ယူရို ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်နိုင်ခဲ့ပါတယ်။

ဆိုဗီယက်ယူနီယံကနေ ၁၉၉၁ ခုနှစ်က ခွဲထွက်ခဲ့တဲ့ ဂျော်ဂျီယာနိုင်ငံအတွက် ဒီပြိုင်ပွဲဟာ ပထမဆုံးပြိုင်ပွဲဖြစ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာက ကြီးမားတဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ၇၄ ရှိ ဂျော်ဂျီယာအသင်းက ကမ္ဘာ့အဆင့် ၆ ရှိ ပေါ်တူဂီကို အနိုင်ရခဲ့တာက ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အကြီးဆုံးမျှော်လင့်တဲ့ရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

၂ ပွဲကစားပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နေပြီဖြစ်တဲ့ ပေါ်တူဂီအသင်းအတွက် ဒီပွဲရလဒ်က အရေးမပါပေမဲ့ ဂျော်ဂျီယာအသင်းအတွက်တော့ အရေးပါတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ ဂျော်ဂျီယာအသင်းဟာ ရှုံးထွက်အဆင့်မှာ စပိန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာလည်း သူပါဝင်ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ သမိုင်းတလျှောက် အုပ်စုအဆင့်မှာ ဂိုးမသွင်းနိုင်တဲ့မှတ်တမ်း ပိုင်ဆိုင်သွားပါတယ်။

ရှုံးထွက်အဆင့် တက်ရောက်ခဲ့သော တူရကီ ပရိသတ်များ အောင်ပွဲခံ

ချက်နဲ့ ကစားခဲ့တဲ့ပွဲမှာ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် တူရကီပရိသတ်တွေ အောင်ပွဲခံခဲ့ကြပါတယ်။

ဒီပွဲဟာ နှစ်သင်းစလုံး ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ အရေးပါတဲ့ပွဲဖြစ်ပြီး ၁ ဂိုးစီ သရေကျနေချိန် နာကျင်အချိန်ပိုမှာ သွင်းယူတဲ့ဂိုးနဲ့ တူရကီအသင်းက အနိုင်ရခဲ့တာပါ။

တူရကီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ၃ ပွဲရှုံး ၈ ဂိုးပေးခဲ့ရပြီး အိမ်ပြန်ခဲ့ရမှုကို ဒီပြိုင်ပွဲမှာ ရှုံးထွက်အဆင့်ကိုတက်ပြီး ချေဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တူရကီအသင်းဟာ နောက်တဆင့်မှာ သြစတြီးယားအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။​

ကျဆုံး စစ်သားများ၏ပုံရိပ် ယူကရိန်းပရိသတ်များ ဖော်ပြ

ဘယ်လ်ဂျီယံနဲ့ ကစားခဲ့တဲ့ပွဲမှာ စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ ယူကရိန်းပရိသတ်တွေရဲ့ပုံကို ပရိသတ်တွေက ဖော်ပြခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ယူကရိန်းစစ်သားရဲ့ပုံကို စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သား ၁၈၂ ဦးရဲ့ ဓာတ်ပုံတွေနဲ့ ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။​

ယူကရိန်းပရိသတ်တွေက ရုရှားရဲ့ ကျူးကျော်စစ်ကို သတိပြုဖို့ ယူရိုပြိုင်ပွဲမှာ အခုလို ပြုလုပ်ခဲ့တာပါ။ ယူကရိန်းအသင်းဟာ ယူရိုပြိုင်ပွဲမှာ ၄ မှတ်ရခဲ့ပေမဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013