DVB Logo
Home
မြန်မာသတင်း
မုံရွာနှင့် ပခုက္ကူမြို့က သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်
DVB
·
June 28, 2024
မုံရွာနှင့် ပခုက္ကူမြို့က သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်
1 / 5
Donate to DVB

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာကြောင့် မကွေးတိုင်း ပခုက္ကူမြို့နယ်က သံဃာတော်တွေဟာ  ဇွန် ၂၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီကို  ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခဲ့ကြ ပါတယ်။

ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်ရာမှာပါ၀င်ခဲ့တဲ့ ဆရာတော်တပါးက “စစ်တပ်က အာဏာ သိမ်းပြီးနောက် ပဲခူးနိမိတ္တာရုံကျောင်းဆရာတော်ကြီးအထိ သတ်ဖြတ်လာခဲ့တယ်။ ဒါကြောင့်မို့ ဘုရားရှင်ခွင့်ပြုခဲ့တဲ့အတိုင်း ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြတာပါ”လို့  မိန့် ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်က သံဃာတော်တချို့ဟာလည်း ဇွန် ၂၇ ရက်၊ ညနေပိုင်းမှာ ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်ခဲ့ကြ ပါတယ်။

ကံဆောင်ပွဲမှာပါ၀င်ခဲ့တဲ့ ဆရာတော်တပါးက “ပဲခူးဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနဲ့ မြင်းခြံ ဆခမရွာက ပရဟိတကားနဲ့ ပြည်သူကို ကူညီပေးနေတဲ့ ဦးဥတ္တမ တို့ကို သတ်တဲ့ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်ရတာဖြစ်ပါတယ်”လို့ မိန့်ပါတယ်။

ဇွန် ၁၉ ရက်မှာ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသပျံလွန်ခဲ့ရသလို ဇွန် ၂၂ ရက်မှာလည်း  မြင်းခြံမြို့၊ ဆခမကျေးရွာက ဆရာတော် ဦးဥတ္တမကို စစ်တပ်က ပစ်ခတ်ခဲ့လို့ ဆရာတော် ပျံလွန်တော်မူခဲ့ရတာ ဖြစ်ပါတယ်။

ဆရာတော် သံဃာတော်တွေကို ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို  ချောင်းဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မြိုင် စတဲ့ဒေသတွေ ရဟန်းသံဃာတော်တွေကလည်း ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်နေ ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013