DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါနယ်တွင် စစ်ဘေးရှောင်နှင့် PDF ရဲဘော်များအတွက် ဆေးဝါးလိုအပ်နေ
DVB
·
June 27, 2024
ဂန့်ဂေါနယ်တွင် စစ်ဘေးရှောင်နှင့် PDF ရဲဘော်များအတွက် ဆေးဝါးလိုအပ်နေ
Donate to DVB

မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူနဲ့ တော်လှန်ရေး ရဲဘော်တွေအတွက် ဆေးဝါးသယ်ယူရမှာ အခက်အခဲတွေရှိလို့ ဆေးဝါး လိုအပ်ချက်တွေ ရှိနေတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YPDF ဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းက ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေကို YPDF ရဲ့ ဆေးတပ်ဖွဲ့က အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတာ ဖြစ်ပါတယ်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်-YPDF တာဝန်ရှိသူ ကိုယောလေးက  “ဆေးကုပေးတာကတော့ အမြဲတမ်းပါပဲ။ အထူးသဖြင့် ဆေးရုံ ဆေးခန်းနဲ့ဝေးတဲ့ စစ်ဘေးရှောင် နေရာတွေမှာပါ၊ အားလုံး အခမဲ့ပါပဲ၊ ကုသပေးရတဲ့ လူဦးရေကတော့ ပုံမှန်မရှိပါဘူး၊ အရွယ်စုံပါ၊  လာခေါ်တာတွေလည်း ရှိပါတယ်၊ ရက်တွေကတော့ အစုံပဲဗျ၊ အလျဉ်းသင့်သလို ကုသမှုတွေ ပေးပါတယ်”လို့ ပြောပါတယ်။

ဆေးဝါးစျေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး စစ်ကောင်စီတပ်က ယောဒေသအတွင်းကို ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားတဲ့အတွက် ဆေးဝါးရှားပါးမှုနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးရာသီကာလ ရာသီတုပ်ကွေး၊ ကာလဝမ်းရောဂါ၊ နှာစေး ချောင်းဆိုး၊ ဖျားနာတွေ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

YPDF တာဝန်ရှိသူက “ဆေးဝါးဝယ်ယူရတာ အခက်အခဲရှိပါတယ်။ လုံလောက်မှုမရှိပါဘူး။ ဈေးကြီးတာလည်း ပါတာပေါ့၊ ဆေးသယ်ခွင့် စကစ ပိတ်ထားတော့ ခိုးသယ်ရတယ်။ တချို့ဆို အဖမ်းခံရမှာ ကြောက်လို့ မသယ်ရဲကြဘူး။ တချို့ဆေးတွေတော့ အိမ်သုံးဆေးအဖြစ် အဆင်ပြေသလို သယ်ရတာမျိုး ရှိပါတယ်။ တချို့နေရာတွေတော့ ငွေပေးပြီး သယ်ရတာမျိုးလည်း ရှိပါတယ်” လို့ ဆက်ပြောပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးရာသီကာလ ရာသီတုပ်ကွေး၊ ကာလဝမ်းရောဂါ၊ နှာစေး ချောင်းဆိုး၊ ဖျားနာတွေ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013