DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မြိုင်မြို့နယ်၌ နင်းမိုင်းဆင်စဉ် ပေါက်ကွဲပြီး PDF ၁ ဦးကျဆုံး
DVB
·
June 27, 2024
ဘုတလင်တွင် စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မြိုင်မြို့နယ်၌ နင်းမိုင်းဆင်စဉ် ပေါက်ကွဲပြီး PDF ၁ ဦးကျဆုံး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အတွင်း တနေရာမှာ စစ်ကောင်စီတပ်သားတဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဇွန် ၂၆ ရက် မနက် ၇ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အဆိုပါစစ်သားဟာ ဘုတလင်မြို့ ရဲစခန်းကနေ အပြင်ထွက်လာရင်း အခုလို အဖမ်းခံရတာလို့ ဘုတလင်မြို့နေ ဒေသခံတဦးက ပြောပါတယ်။ 

“မြင်လိုက်ရတာကတော့ ပြည်သူ့ကာကွယ်ရေးတပ်က ရုတ်တရက် ဝင်ဖမ်းသွားတာ။ ကျနော်တို့ မြင်လိုက်ရတာကတော့ ပြည်သူ့ကာကွယ်ရေးဘက်က ၇ ယောက်လောက်နဲ့ ဝင်ဖမ်းသွားတာပဲ” လို့ ပြောပါတယ်။

ဘုတလင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဘုတလင်မြို့အပြင်ဘက်ကို ကင်းပုန်းဝပ်လာတဲ့ စစ်သားတဦးကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်း ဟုတ်ပါတယ်ဗျ။ ကျနော်တို့ စစ်သုံ့ပန်းအဖြစ် ကောင်းကောင်း‌‌မွန်မွန် ဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ လမ်းတနေရာအရောက် ထွက်ပြေးလို့ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရင်း စစ်သားကတော့ သေဆုံးသွားတယ်ဗျ” လို့ ပြောပါတယ်။

အဲဒီစစ်သားနဲ့ အတူပါလာတဲ့ M.11 တလက်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံးကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာထဲမှာ ဇွန် ၂၃ ရက် မနက်က နင်းမိုင်းဆင်ရင်း မိုင်းပေါက်ကွဲခဲ့တာကြောင့် PDF ရဲဘော် ၁ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ Ghost Of Enemies - GOE Revolution Force အဖွဲ့ဆီကနေ သိရပါတယ်။

GOE Revolution Force ရဲ့ တပ်ဖွဲ့ဝင်တဦးက “စစ်ကောင်စီစစ်ကြောင်း တွင်းမရွာထဲကို ရောက်နေတုန်း ကျနော်တို့ရဲဘော်တွေက ‌ေ–းစစ်ကြောင်းပြန်မယ့် သရက်ကွရွာနားလမ်းမှာ နင်းမိုင်းဆင်နေချိန် မတော်တဆ မိုင်းကွဲခဲ့လို့ ရဲဘော် ၁ ဦး အသက်ဆုံးရှုံးသွားရပြီး ၃ ဦးကတော့ ဒဏ်ရာရရှိခဲ့ကြပါတယ်” လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ကျဆုံးသွားရသူဟာ အသက် ၂၄ နှစ်အရွယ် ရဲဘော် ငညီ ဖြစ်ပြီး ဒဏ်ရာရရှိသူ ၃ ဦးကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

GOE Revolution Force ရဲ့ တာဝန်ခံတဦးက “အစစ်မဟုတ်ပါဘူး။ လက်လုပ်မိုင်းဆင်ရင်းနဲ့ ဖြစ်သွားတာပါ” လို့ DVB ကို ပြောပါတယ်။

ကျဆုံးသွားခဲ့တဲ့ ရဲဘော် ငညီရဲ့ ဈာပနကို ဇွန် ၂၃ ရက်မှာပဲ နေ့ချင်းသင်္ဂြိုဟ်ပေးခဲ့ပြီး တော်လှန်ရေးကာလမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းထောင်ရင်း ပေါက်ကွဲခဲ့တာကြောင့် GOE Revolution Force က ရဲဘော် ၅ ဦးအထိ ကျဆုံးခဲ့ရပြီး ၅ ဦး ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013