DVB Logo
Home
အားကစား
မန်ယူတောင်ပံကစားသမား ဆန်ချိုကို အံ့အားသင့်ဖွယ်ခေါ်ယူရန် ဘာစီလိုနာ ပြင်ဆင်
DVB
·
June 27, 2024
မန်ယူတောင်ပံကစားသမား ဆန်ချိုကို အံ့အားသင့်ဖွယ်ခေါ်ယူရန် ဘာစီလိုနာ ပြင်ဆင်
Donate to DVB

ဘာစီလိုနာအသင်းဟာ မန်ယူတောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဆန်ချိုဟာ မနှစ်ကရာသီမှာ ဒေါ့မွန်အသင်းဆီ ရာသီဝက်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ဖို့ ကူညီနိုင်ခဲ့တာပါ။

ဆန်ချိုဟာ မန်ယူအသင်းနဲ့ ပြန်လည်ပူးပေါင်းသွားရမှာဖြစ်ပေမဲ့ နည်းပြ အဲရစ်တန်ဟတ်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေတာကြောင့် အသင်းပြောင်းဖို့ ရှိနေတာပါ။

ဘာစီလိုနာအသင်းဟာ ဆန်ချိုကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး မကြာခင်မှာ တရားဝင်ကမ်းလှမ်းသွားဖို့ ရှိတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

စပိန်သတင်းစာ SPORT ကတော့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆန်ချိုကို ဘာစီလိုနာအသင်းဆီ ရောင်းချချင်ကြောင်း ကမ်းလှမ်းခဲ့ပြီး ကစားသမားအလဲအထပ် လုပ်ရင်လည်း အဆင်ပြေကြောင်း သတင်းစကားပါးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013