DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဘတ်သန်းပေါင်း ၆၄၅၆ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
DVB
·
June 26, 2024
ထိုင်းတွင် ဘတ်သန်းပေါင်း ၆၄၅၆ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
Donate to DVB

ဇွန် ၂၆ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာမူးယစ်ဆေးဝါးဆန့်ကျင်တိုက် ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ထိုင်းနိုင်ငံမှာ ဘတ်သန်းပေါင်း ၆၄၅၆ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို ထိုင်းအလယ်ပိုင်း စမွတ်ပရကန်ခရိုင် ပန်ပူစက်မှုဇုန်ထဲမှာ ဒီကနေ့  မွန်းလွဲ ပိုင်းက ကျင်းပခဲ့တာပါ။ 

ထိုင်းနိုင်ငံအနေနဲ့ ဝန်ကြီးချုပ်ဆေထာထဝီးဆင်ရဲ့ လမ်းညွှန်ချက်နဲ့အညီ မူးယစ်ဆေးဝါး ပပျောက် ရေး၊ မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ မူးယစ်ဆေးနဲ့ ဆက်နွှယ်တဲ့ပြဿနာတွေ ဖြေရှင်း‌ရေးကို အလေးထားပြီး လုပ်ဆောင်နေတယ်၊ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးတွေကို မနှစ်က Zet Zero စီမံချက်နဲ့  ၅၇ ကြိမ်မြောက် ဖျက်ဆီးခဲ့ပြီး ဒီနှစ်ကတော့ Continue to Zero ဆိုတဲ့စီမံချက်နဲ့ ၅၈ ကြိမ်မြောက်ဖျက်ဆီးမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး နိုင်းဆုမ်ဆဒ်ထိပ်ဆူထင်းက  အခမ်းအနားမှာ ပြောပါတယ်။

ဘတ်သန်းပေါင်း ၆၄၅၆ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး အလေးချိန်စုစုပေါင်း ၂၀, ၅၉၃ ကီလိုဂရမ်ကို  ဒီနေ့ မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီမူးယစ်ဆေးတွေဟာ အမှုပေါင်း ၄၁၈၀၀ မှုကနေ ဖမ်းဆီးရမိထားတာတွေလို့ ဆိုပါတယ်။ 

အဆိုပါမူးယစ်ဆေးဝါးတွေထဲမှာ စိတ်ကြွဆေးပြား မက်သာဖက်တမင်း ၁၉၉၄၅ ကီလိုဂရမ်၊ ဟီးရိုးအင်း ၂၇၄ ကီလိုဂရမ်၊  MDMA ၇ ကီလိုဂရမ်၊ ကိုကင်း ၃ ကီလိုဂရမ်၊ ဘိန်းစိမ်း ၄၈ ကီလိုဂရမ်၊ ခေတာမင် ၃၁၂ ကီလိုဂရမ်နဲ့ အခြားမူးယစ်ဆေးတွေပါဝင်ပြီး အပူချိန် ၁၂၀၀ ဒီဂရီစင်တီဂရိတ်ရှိ Hazardous waste Incinerator အိုးကြီးထဲမှာ ထည့်ပြီးမီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ 

Source:  -CH3 Plus News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013