DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီ ၈ ခု အမည်ပျက်စာရင်းသွင်းခံရ
DVB
·
June 26, 2024
စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီ ၈ ခု အမည်ပျက်စာရင်းသွင်းခံရ
Donate to DVB

ပြည်ပက စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီ ၈ ခုကို မသမာမှုပြုလုပ်တယ်ဆိုတဲ့ အချက်နဲ့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က ဇွန် ၂၄ ရက်က စတင်ပြီး အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်ပါတယ်။

အမည်ပျက်စာရင်း အသွင်းခံရတဲ့ ကုမ္ပဏီတွေကတော့ SIX WINNER BROTHERS ကုမ္ပဏီ၊ DIAMOND DRAGON ကုမ္ပဏီ၊ FIRST TOP EDIBLE OIL ကုမ္ပဏီ၊ AYEYAR HINTHAR TRADING COMPANY LIMITED၊ THEIN THAN YADANAR ကုမ္ပဏီ၊ JEWEL ARROW ကုမ္ပဏီ၊ AGRI ONE TRADING ကုမ္ပဏီနဲ့ GRAND UNITY ကုမ္ပဏီတို့ ဖြစ်ပါတယ်။

DICA ရဲ့ ထုတ်ပြန်ချက်မှာ အွန်လိုင်းမှတ်ပုံတင်စနစ်မှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ‌တွေအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်‌တွေကို လေးစားလိုက်နာရမယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မိမိလုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေနဲ့ နည်းဥပဒေ‌ေတွကို လိုက်နာခြင်းမရှိပါက DICA ဝက်ဘ်ဆိုက်မှာ အများပြည်သူသိရှိစေဖို့ ကြေညာသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013