DVB Logo
Home
မြန်မာသတင်း
ကမမောင်းမြို့နယ်၌  BGF က တပ်သားသစ် စုဆောင်းနေ 
DVB
·
June 26, 2024
ကမမောင်းမြို့နယ်၌  BGF က တပ်သားသစ် စုဆောင်းနေ 
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်) ခရိုင်၊ ကမမောင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ အမှတ် ၂၀၁၃ နယ်ခြားစောင့်တပ်(BGF)က တပ်သားသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လကစတင်ပြီး ကမမောင်းမြို့နယ်အတွင်းက တုတ်ကြီး၊ ဖားဘောင်၊ ဝါးဒူး၊ ကတိုင်တိစတဲ့ ကျေးရွာက အိမ်ခြေ အနည်းအများပေါ်မူတည်ပြီး လူသစ်ဆောင်းနေတာဖြစ်ပြီး တာဝန်မထမ်းချင်သူတွေနဲ့ ငွေကြေးမတတ်နိုင်တဲ့ ဒေသခံလူငယ်တွေနဲ့အတူ စစ်ဘေးရှောင်လူငယ်တွေဟာ ထပ်မံထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “လူကြီးကတော့ ပိုက်ဆံပဲပေးလိုက်မယ်။ လူစားထည့်ပေးမယ်။ လူကိုဝယ်ပေးလိုက်တာ။ ကျနော်တို့ ရွာက ကျပ် ၂၅ သိန်းနဲ့ပြီးသွားတယ်။ အခုလည်း ပိုက်ဆံတောင်းဖို့ပဲ ပြောတယ်။ ကျနော်တို့ရွာတွေမှာ လူကြီးက သူတို့နဲ့ ညှိနှိုင်းနေတယ်။ အဲဒီလောက်အဆင့်ပဲ သိရသေးတယ်။ နောက်ပိုင်းဘယ်လိုလာမလဲ မသိရသေးဘူး။ သူတို့က အိမ်မှာ အသက် ၁၈ နှစ်ပြည့် မိသားစုအိမ် ၁ အိမ်ကို ကျပ် ၇ သိန်းနှုန်းနဲ့ ကောက်တယ်။ မတတ်နိုင်တဲ့သူတွေက ထွက်ပြေးတိမ်း ရှောင်နေရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ဘက်က စစ်ရေးလှုပ်ရှားမှုမရှိပေမဲ့ လူသစ်စုဆောင်းနေတယ်လို့   KNLA  တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“BGF အနေနဲ့ စစ်ရေးအနေနဲ့တော့ အခုလောလောဆယ်တော့ လှုပ်ရှားတာ မရှိသေးဘူး။  တပ်သားသစ်စုဆောင်းတာတော့ ရှိတယ်။ ရွာထဲမှာ ဒေသခံတွေကို ခေါ်ယူပြီးတော့မှ သူတို့ သတ်မှတ်နှုန်း တရွာကို ဘယ်လောက် အဲလိုမျိုးခေါ်တယ်။ မသွားတဲ့သူကို ကျတော့ သူတို့ပိုက်ဆံ တောင်းတယ်။”

လူသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး BGF နယ်ခြားစောင့်တပ်ကို  DVB က ဆက်သွယ်မေးမြန်းရာမှာ “တပ်သားသစ် မစုဆောင်းဘူး။ ယူလည်း မယူတော့ဘူး။ ငွေကြေးကောက်ခံမှုကို လက်မခံဘူး”လို့ တပ်သားသစ်စု ဆောင်းရာမှာပါဝင်တဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တွေက နှစ်စဉ် အလှည့်ကျ မဲစနစ်နဲ့ ကျေးရွာတွေကနေ တပ်သားသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့တိုင်းလိုလို့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဖာပွန်မြို့တွင်းနဲ့ အနီးအနားကျေးရွာက သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ ဘားအံ၊ ကမမောင်း၊ မြိုင်ကြီးငူ စတဲ့ KNU ထိန်းချုပ်နယ်မြေအတွင်းနဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် ဧပြီ ၂၄ ရက်က ဖာပွန်မြို့အခြေစိုက် ခမရ  ၄၃၄ တပ်ရင်းကို  KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ခလရ ၁၉ အပါအဝင် တပ်ရင်း ၂ ခုကို အပြီးသတ်သိမ်းပိုက်ရရှိထားပါတယ်။

ဆက်လက်ပြီး ခမရ ၃၄၀၊ ခမရ ၃၄၁ နဲ့ ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ဝိုင်းဝန်း ပိတ်ဆို့ထားပါတယ်။

အောင်ခန့် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013