DVB Logo
Home
မြန်မာသတင်း
ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု ကုလညီလာခံတွင် မြန်မာသံအမတ်ကြီး တင်ပြ
DVB
·
June 26, 2024
ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု ကုလညီလာခံတွင် မြန်မာသံအမတ်ကြီး တင်ပြ
Donate to DVB

စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အထွေထွေညီလာခံမှာ တင်ပြခဲ့ပြီး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ပြောလိုက်ပါတယ်။

ဇွန် ၂၅ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ ၂၀၂၃ ခုနှစ်အတွက် လုံခြုံရေးကောင်စီရဲ့ နှစ်စဉ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ ဇွန် ၁၉ ရက်က မန္တလေး ရွှေကျင်နိကာယ ဗဟိုဌာန အစည်းအဝေး အကြိုညှိနှိုင်းဆောင်ရွက်ဖို့ ရန်ကုန်ကနေ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာချိန် ကံသုံးဆင့်ဆရာတော် ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွားရောက်ရာလမ်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဆရာတော် ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ဖြစ်ချင်းမှာတော့ စစ်အုပ်စုဘက်က PDF တွေ ပစ်ခတ်တာလို့ လိမ်ညာထုတ်ပြန်ကြေညာခဲ့ပေမဲ့  ကားပေါ်မှာ အတူပါတဲ့ ဆရာတော်တပါးက အဖြစ်မှန်ကို ထုတ်ဖော်ပြောလိုက်တဲ့နောက်ပိုင်းမှာ စစ်တပ်က ပစ်ခတ်တာလို့ ဝန်ခံပြီးနောက် စစ်ကောင်စီက တောင်းပန်ခဲ့ပါတယ်။

ကုလသမဂ္ဂ  အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားတဲ့ မိန့် ခွန်းမှာတော့ မတရား စစ်အာဏာသိမ်းထားတဲ့ စစ်တပ်က သတင်းအမှားတွေ၊ ဖန်တီး လုပ်ကြံထားတဲ့ အချက်အလက်တွေနဲ့ ဝါဒဖြန့်ကာ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အား စုတွေအပေါ်  မကြာခဏ မဟုတ်မမှန် စွပ်စွဲအမည်ဖျက်ပြောကြားနေပြီးတော့ သူတို့ ထိန်းချုပ်ထာတဲ့ နိုင်ငံခြား အခြေစိုက် မြန်မာသံရုံးတွေနဲ့ သတင်းရုပ်သံတွေကတဆင့် သ တင်းအမှား၊ ဖန်တီးလုပ်ကြံထားတဲ့ အချက်အလက်တွေ ဖြန့်ဝေကာ နိုင်ငံတကာအသိုက် အဝန်းကို အထင်အမြင်လွဲမှားစေဖို့ လှည့်စားလုပ်ဆောင်နေတာကြောင့် သတိချပ်ဖို့ တိုက်တွန်း ပါတယ်။

မြန်မာနိုင်ငံမှာ လူပေါင်း ၅,၃၀၀  သတ်ဖြတ်ခံခဲ့ရပြီး  ၃ သန်းကျော်က နေရပ်စွန့် ခွာထွက်ပြေးနေကြရကာ ၁၈ ဒသမ ၆ သန်းကျော်ကတော့  လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ချိန်ကစတင်ပြီး  ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှုတို့ ကျဆင်းလာခဲ့ပြီး ပြည်သူတွေအနေနဲ့ နေ့စဉ်ဘဝတွေမှာ ခက်ခက်ခဲခဲ ဖြတ်သန်းရတဲ့ အခြေအနေကို ရောက်ရှိနေကာ အလားတူ နေရပ်စွန့်ခွာမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ အတင်းအကျပ် တပ်သားစုဆောင်းမှုတို့က မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အထင်ရှားဆုံး ခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့  အရေးယူ ဆောင်ရွက်မှုမရှိတာရဲ့ ရိုက်ခတ်မှုဟာ မြန်မာပြည်သူတွေအဖို့ အလွန်ကြီးမားမှုရှိပြီး ပြည် သူတွေဟာ ဒီပျက်ကွက်မှုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်တဲ့ ပိုမိုအသက်ဆုံးရှုံးတာ၊ ပိုမိုကိုယ်လက်အင်္ဂါဆုံးရှုံးတာ၊ ပိုမိုနေရပ်စွန့်ခွာမှုများပြားလာတာ၊ ဒုက္ခ ပိုမိုကြီးထွားလာတာ၊ မျှော်လင့်ချက်တွေ ပိုမိုမဲ့လာတာ အစရှိတဲ့ ဒဏ်အမျိုးမျိုးကို ခါးစည်းခံနေရပြီး  လုံခြုံရေးကောင်စီအနေနဲ့လည်း အဆိုပါအသက်ဆုံးရှုံးမှုတွေနဲ့  မြန်မာအရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်တာတွေအတွက် တာဝန်ရှိတယ်လို့ ပြောလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013