DVB Logo
Home
နိုင်ငံတကာ
ကင်ညာလွှတ်တော်ကို ဝင်စီးနင်းပြီး လူ ၅ ဦးသေဆုံးခဲ့ရမှုအပေါ်  သမ္မတ ရှုတ်ချ 
DVB
·
June 26, 2024
ကင်ညာလွှတ်တော်ကို ဝင်စီးနင်းပြီး လူ ၅ ဦးသေဆုံးခဲ့ရမှုအပေါ်  သမ္မတ ရှုတ်ချ 
Donate to DVB

ကင်ညာလွှတ်တော်ကို  ဝင်စီးဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ရာမှ အနည်းဆုံး လူ ၅ ဦး သေဆုံးသွားတဲ့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကင်ညာသမ္မတ ဝီလျံရူးတိုက မကြုံစဖူး ဒီမိုကရေစီကို တိုက်ခိုက်မှုပဲလို့ ဇွန် ၂၅ ရက်မှာ ရှုတ်ချလိုက်ပြီး ဒါဟာ တရားဝင် ဆန္ဒပြမှုတွေကို ပြန်ပေးဆွဲခဲ့တဲ့ ဂိုဏ်းဖွဲ့ ရာဇဝတ်သားတွေရဲ့လုပ်ရပ်ဆိုပြီး အပြစ်တင်ခဲ့ပါတယ်။

နိုင်ငံတော်ကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတရူးတိုက သူ့ရဲ့အခွန်တိုးမြှင့်မှု အစီအစဉ်နဲ့ ပတ်သက်ပြီး ကနဦး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာမှာ လုံခြုံရေးကို ထိခိုက်စေဖို့ ရည်ရွယ်ချက်နဲ့ အန္တရာယ်ရှိတဲ့ကိစ္စရပ်တွေကို လုပ်ဆောင်လာကြတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါအပြင် နောက်ထပ် မငြိမ်မသက်မှုတွေ မဖြစ်အောင် ကင်ညာလုံခြုံရေးတပ်ဖွဲ့တွေကို အပြည့်ချထားမယ်လို့ ကတိပြုခဲ့ပါတယ်။

သမ္မတရူးတိုဟာ ကင်ညာကို ကာကွယ်မှုအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပေမဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေ ဟန်ဆောင်ထားတဲ့ ရာဇ၀တ်ကောင်တွေကို ဘယ်လိုနည်းဗျူဟာတွေ သုံးပြီး နှိမ်နင်းမယ် ဆိုတာကိုတော့ ပြောမသွားပါဘူး။

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဥပဒေပြုလွှတ်တော်ကို စီးနင်းတိုက်ခိုက်ဖို့ ကြိုးပမ်းတဲ့နေ့ အစောပိုင်းမှာ ရဲတပ်ဖွဲ့က ပါလီမန်အဆောက်အအုံအပိုင်းတွေကို မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းကြတဲ့ ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာမှာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့မှုအတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ကင်ညာနိုင်ငံတဝန်း တခြားမြို့တွေ အများအပြားမှာလည်း ဆန္ဒပြမှုတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အများအပြားက သမ္မတဝီလျံရူတိုကို ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြသလို အခွန်တိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်ကြောင်းလည်း ပြောကြားခဲ့ကြပါတယ်။

ကင်ညာရဲ့ ဘဏ္ဍာရေးဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တတိယအကြိမ် ဖတ်ကြားမှုကို တိုးမြှင့်လိုက်ပါတယ်။ နောက်တဆင့်ကတော့ သမ္မတက လက်မှတ်ရေးထိုးဖို့ ဥပဒေ တင်သွင်းဖို့ ဖြစ်ပါတယ်။ ကန့်ကွက်သူ ရှိတယ်ဆိုရင် လွှတ်တော်ကို ပြန်လည်ပေးပို့နိုင်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013