DVB Logo
Home
မြန်မာသတင်း
ဓာတ်မြေဩဇာ ရည်ညွှန်းဈေးအတိုင်း ဝယ်မရဟု လယ်သမားများပြော
DVB
·
June 26, 2024
ဓာတ်မြေဩဇာ ရည်ညွှန်းဈေးအတိုင်း ဝယ်မရဟု လယ်သမားများပြော
Donate to DVB

ယူရီးယား၊ တီစူပါနဲ့ကွန်ပေါင်းမြေဩဇာ ရည်ညွှန်းဈေးတွေကို စစ်ကောင်စီဦးဆောင်မှုနဲ့ ဩဘာ၊ ဒိုင်းမွန်းစတားအပါအဝင် နာမည်ကြီး ဓာတ်မြေဩဇာ လုပ်ငန်းရှင်အများ စုနဲ့ဖွဲ စည်းထားတဲ့ မြေဩဇာမျိုးစေ့နဲ့ စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက ဇွန် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အဲ့ဒီထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအရ ကန်ထရိုက်စနစ်နဲ့ စပါးစိုက်ပျိုးတဲ့ လယ်သမားတွေကို စစ်ကောင်စီက ချထားပေးတဲ့ ဓတ်မြေဩဇာဈေးတွေဖြစ်ပြီး ဒီဈေးသတ်မှတ်ချက်ကို ဩဘာစိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီက သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရန်ကုန်တောင်ပိုင်းခရိုင်က လယ်သမားတဦးက “အရင်တုန်းက အဲ့လိုတွေလုပ်တာပဲလေ။ ဒါပေမဲ့ ဈေးကွက်မှာ ပေါက်ဈေးအတိုင်းပဲ၊ သူတို့ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးအတိုင်းပဲ ရောင်းတပဲ ဖြစ်တဲ့အတွက် သူတို့ပြော တဲ့အတိုင်းပဲ ဘယ်သူမှရောင်းတာမဟုတ်ဘူး။ ဥပမာ - သူတို့  စစ်မယ်ဆိုရင် အဲ့လိုပဲ အိတ်ကလေး ၂၀၊ ၂၅ လောက်ထုတ်ရောင်းတယ်။ သူတိုပြန်သွားပြီးရင်တော့ မရဘူး အဲ့လိုပဲ” လို့ ပြောပါတယ်။

စပါးစိုက်ဧက ၁၅ သန်းရှိပြီး အများဆုံးစိုက်ပျိုးတဲ့ မိုးစပါးရာသီအချိန်မှာ  ဓာတ်မြေဩဇာ ရည်ညွှန်းဈေးတွေကို ထုတ်ပြန်လာပေမဲ့ အခြောက်ကြဲတဲ့စိုက်ပျိုးနည်းစနစ်တွေ ကြောင့် အများစုက ပထမအကြိမ် ဓာတ်မြေဩဇာကျွေးပြီးဖြစ်ကြသလို လမ်းပန်းဆကသွယ်ရေးမ ကောင်းတဲ့ လယ်မြေတွေအတွက်လည်း ဓာတ်မြေဩဇာတွေကို ကြိုတင်စု ဆောင်းထားကြပြီးဖြစ်ပါတယ်။ 

စစ်ကောင်စီကထုတ်ပြန်တဲ့ ဓာတ်မြေဩဇာဈေးတွေက ပုလဲ အလုံးကြီး ၅၀ ကီလိုတအိတ်ကို ကျပ် ၇၃,၀၀၀ကျပ်၊ တီစူပါ အမည်း ၁၅ ပတ်လည်တအိတ်ကို ကျပ်တသိန်း၊ ပုလဲနဲ့ တီစူပါ အရောတအိတ်ကို ၁၁၅,၀၀၀၊ ကွန်ပေါငး ၁၅ ပတ်လည်တအိတ်ကို ၁၂၂,၀၀၀ ကျပ်လို့ ရည်ညွှန်းသတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013